တရားစွဲဆို

November 30, 2020

တရားစွဲဆိုခံရသည့် ဆရာ၊ ဆရာမများကို ကူညီမည်ဟု ဆရာ၊ ဆရာမများအဖွဲ့ချုပ် ထုတ်ပြန်

၂၀၂၀ ရွေးကောက်ပွဲမှာ မဲရုံ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ၊ ဆရာမတွေထဲက တချို့ကို နိုင်ငံရေးပါတီအချို့က တရားစွဲဆိုတာတွေ ရှိလာတဲ့အတွက် ဥပဒေပညာရှင်တွေနဲ့တိုင်ပင်ကာ ကူညီသွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က နိုဝင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။  ခုလိုတရားစွဲဆိုခံရတာဟာ  ဆရာ၊ ဆရာမတွေရဲ့ လုပ်ဆောင်ချက်အပေါ် မယုံကြည်တဲ့အတွက် တရားစွဲတဲ့သဘောဖြစ်ပြီး တရားစွဲဆိုခံရတဲ့ ဆရာ၊ ဆရာမတွေမှာ မမှန်မကန်လုပ်ထားတာ မရှိဘူးဆိုတာကို တရားရုံးမှာ ဥပဒေနဲ့အညီ ရင်ဆိုင်သွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး  ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်။  ဒါ့အပြင် မမှန်မကန် စွပ်စွဲ တရားစွဲဆိုမှုတွေကိုလည်း တန်ပြန်တရားစွဲနိုင်ဖို့အတွက် မိတ်ဖက်ညီနောင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်ကလည်း တရားစွဲဆိုခံရတဲ့ ဆရာ၊ ဆရာမတွေဟာ တာဝန်နဲ့အညီ ဆောင်ရွက်တယ်ဆိုတာကို ဥပဒေနဲ့အညီရပ်တည်ပေးဖို့ တိုက်တွန်းတယ်လို့လည်း ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်။
5 months Ago

May 2, 2020

ပြင်သစ်လိဂ်ဖျက်သိမ်းမှု လိုင်ယွန်အသင်း တရားစွဲဆိုရန် ပြင်ဆင်

ပြင်သစ်လိဂ်ပြိုင်ပွဲ ဖျက်သိမ်းလိုက်တဲ့အပေါ်မှာ တရားစွဲဆိုသွားဖို့ လိုင်ယွန်အသင်းက ပြင်ဆင်နေပါတယ်။  ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် စက်တင်ဘာလအထိ မည်သည့်အားကစားပြိုင်ပွဲကိုမှ ကျင်းပခွင့်မပြုကြောင်း  ကြေညာခဲ့တာကြောင့် ပြင်သစ်လီဂူးဝမ်း ပြိုင်ပွဲကိုလည်း ဖျက်သိမ်းခဲ့ရတာပါ။  ချန်ပီယံအသင်းအဖြစ် ပီအက်စ်ဂျီအသင်းကို ပေးအပ်ခဲ့မူမှာ တစုံတရာ ပြဿနာမရှိပေမယ့်လည်း ဥရောပဝင်ခွင့်နဲ့ တန်းဆင်း၊ တန်းတက်စနစ်တွေမှာတော့ နစ်နာတဲ့ အသင်းတွေရှိနေတာပါ။ လိုင်ယွန်အသင်းဟာ ပွဲစဉ် ၂၈ ပွဲအပြီးမှာ ရမှတ် ၄၀ ရရှိထားပြီး ယူရိုပါလိဂ်ဝင်ခွင့်ရရှိမယ့် အဆင့် ၄ က လိုင်လီအသင်းနဲ့ ၉ မှတ် ကွာဟနေပြီး ချန်ပီယံ လိဂ်ဝင်ခွင့်ရရှိမယ့် ရင်းနက်စ်အသင်းနဲ့ ၁၀ မှတ်ကွာဟ နေတာဖြစ်ပါတယ်။  ဒါပေမယ့်လည်း လက်ကျန် ၁၀ ပွဲအလိုမှာ လိဂ်ပြိုင်ပွဲဖျက်သိမ်းလိုက်တာကြောင့် နစ်နစ်မူတွေ ရှိခဲ့တာပါ။  လိုင်ယွန်အသင်းဥက္ကဋ္ဌ  မိုက်ကယ်အောလက်စ်ကတော့ လိဂ်ပြိုင်ပွဲ ဖျက်သိမ်းလိုက်မယ့်အစား တခြား နည်းလမ်းတခု အသုံးပြုသင့်တယ်လို့ ပြောပါတယ်။  ထိပ်ဆုံးက အသင်းတွေကို ပလေးအော့ဖ် ကစားပြီး ဆုံးဖြတ်သင့်သလို တန်းဆင်းတန်းတက် ခွင့်အတွက်လည်း အောက်ဆုံးကအသင်းတွေ ပလေးအော့ဖ်ကစားသင့်ကြောင်း၊ ပြိုင်ပွဲဖျက်သိမ်းလိုက်ဖို့အထိ မလိုအပ်ကြောင်း လိုင်ယွန်ဥက္ကဋ္ဌက ဖေဝန်ခဲ့ပါတယ်။
1 year Ago
More News
Up