တရားစွဲ

February 5, 2019

ဗိုလ်​ချုပ်​​ကြေးရုပ်​​ထောက်​ခံဆန္ဒပြပွဲ ဦး​ဆောင်​သူ ၅ ဦးကို ငြိမ်းစုစီ ဥပဒေဖြင့်တရားစွဲ

ကယားပြည်​နယ်​၊ လွိုင်​​ကော်​မြို့မှာ ဗိုလ်​ချုပ်​​ကြေးရုပ်​ထားရှိဖို့်  ဖေ​ဖော်​၀ါရီ ၂ ရက်​နေ့က ​ထောက်​ခံဆန္ဒပြခဲ့တဲ့ ဦး​ဆောင်​သူ ၅ ဦးကို ငြိမ်းစုစီ ဥပ​ဒေပုဒ်​မ (၂၀)နဲ့ တရားစွဲဆိုလိုက်​ပါတယ်​။ အခုလို တရားစွဲနိုင်​ဖို့အတွက်​ ကရင်​နီလူငယ်​​တွေက ​ဖေ​ဖော်​ဝါရီ ၂ ရက်​​နေ့ညမှာ မြို့နယ်​ရဲတပ်​မှူးရုံးကို သွား​ရောက်​တိုင်​ကြားတာ​ကြောင့် ဒီ​နေ့မှာ​တော့ တရားစွဲဆို​ပေးခဲ့တာလို့ ဆိုပါတယ်​။ မြို့နယ်​ရဲတပ်​ဖွဲ့မှူးရုံးကို ကိုယ်​တိုင်​သွား​ရောက်​တိုင်​ကြားခဲ့တဲ့ ခွန်းမျိုးလှိုင်​ဝင်းက “ဗိုလ်​ချုပ်​​ အောင်​ဆန်း​​ကြေးရုပ်​တုနဲ့ပတ်​သက်​ပြီး ကျ​နော်​တို့ကိုယ်​တိုင်​ တိုင်​ကြားခဲ့တာ​ပေါ့​နော်​။ သူတို့က ငြိမ်းစုစီဥပ​ဒေနဲ့ မညီဘူး။ ကန့်​သတ်​နယ်​​မြေ ပုဒ်​မ ၁၈၈ အရကျူးလွန်​တယ်​။ မြို့နယ်​ရဲတပ်​ဖွဲ့မှူး ရုံးကို ပြီးခဲ့တဲ့ ၂ ရက်​​နေ့ည ၇ နာရီအချိန်​မှာ တိုင်​ကြားခဲ့တယ်​။ ကျ​နော်​တို့ တိုင်​ကြားတာကို ​လော​လောဆယ်​ ငြိမ်းစုစီ ပုဒ်​မ (၂၀)နဲ့ အ​ရေးယူမယ်​။ သူတို့ကိုရဲစခန်းမှာ ​ခေါ်​တွေ့ပြီး ပုဒ်​မ (၁၉) နဲ့ ထပ်​စွဲမှာ​ပေါ့" လို့ ဒီဗွီဘီကို ​ပြောပါတယ်​။ ​​ထောက်​ခံဆန္ဒပြရာမှာ ဦး​ဆောင်​သူ​တွေဖြစ်​တဲ့ ​လောပိတ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦးဝင်း​အောင်​အပါအဝင်​ ၅ ဦးကို လွိုင်​​ကော်​မြို့နယ်​ ရဲတပ်​ဖွဲ့မှူး ဦးဝင်းနိုင်​က တရားလိုလုပ်​ပြီး တရားစွဲဆိုလိုက်​တာပါ။ လွိုင်​​ကော်​​မြို့ ဂန္ဒာ​ဟေဝန်​ပန်းခြံမှာ ဗိုလ်​ချုပ်​​ကြေးရုပ်​ထားရှိဖို့ ​လူ ၅၀၀ ​လောက်​က ​ထောက်​ခံဆန္ဒပြတာနဲ့ ​ ကြေးရုပ်​ဖွင့်​ပွဲကို ​ဖေ​ဖော်​ဝါရီ ၂ ရက်​​နေ့က ပြုလုပ်​ခဲ့ပါတယ်​။ တဖက်​မှာလည်း ဗိုလ်​ချုပ်​​ကြေးရုပ်​ကို ဆန့်​ကျင်​ကန့်​ကွက်​​နေကြတဲ့ ကရင်​နီလူငယ်​ ၃၂ ဦးဟာ ငြိမ်းစုစီပုဒ်​မ ၁၉၊ ၂၀အပြင်​ ရာဇသတ်​ကြီးပုဒ်​မ ၅၀၅ ခ၊ ဂ တို့နဲ့ တရားရင်​ဆိုင်​​နေရပါတယ်​။ သတင်း၊ ဓာတ်​ပုံ- ခွန်းတူးတူး​လေး
2 years Ago

December 15, 2018

ကိုလံဘီယာအဆိုတော် ရှကီရာကို အခွန်လိမ်လည်မှုဖြင့် တရားစွဲ

ကိုလံဘီယာအဆိုတော် ရှကီရာကို အခွန်လိမ်လည်မှုနဲ့ စပိန်အစိုးရ ရှေ့နေက တရားစွဲဆိုခဲ့တယ်လို့ အစိုးရရှေ့နေရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ ရှကီရာဟာ ကာတာလိုးနီးယား အရှေ့မြောက်ပိုင်းမှာ နေထိုင်တုန်းက ၃ နှစ်တာ ကာလအတွင်း ပေးဆောင်ရမယ့်အခွန် ယူရိုငွေ ၁၄.၅ သန်းကျော်ကို တိမ်းရှောင်ခဲ့တယ်လို့ Europa Press သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ အခွန်ရှောင်တိမ်းမှုနဲ့ နာမည်ကျော် ဘောလုံးသမား လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်ဒိုတို့ကို စုံစမ်းစစ်ဆေးခဲ့ပြီးနောက် နာမည်ကြိး ပုဂ္ဂိုလ်ေတွကို  တရားစွဲ တာလည်း ဖြစ်ပါတယ်။ စပိန်နိုင်ငံမှာ ၁ နှစ်ကို ၆ လကျော် နေထိုင်သူတွေ အခွန်ပေးဆောင်ရမယ်ဆိုပြီး စည်းကမ်း သတ်မှတ်ထားပါတယ်။
2 years Ago
More News
Up