တမူးတိုက်ပွဲ

July 25, 2021

တမူးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံး

       စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာ နယ်စပ်၊ တမူးမြို့နယ်မှာ ဇူလိုင် ၂၄ ရက်က နှစ်ဖက် ရင်ဆိုင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၉ ယောက် သေဆုံးခဲ့တယ်လို့ တမူးလုံခြုံရေးအဖွဲ့ (TSG) က ထုတ်ပြန်ပါတယ်။

         ဒီတိုက်ပွဲကတော့ TSG မုန်တိုင်းတပ်ခွဲ တပ်ချတဲ့ နေရာကို စစ်ကောင်စီလက်ပါးစေ ပျူစောထီး လက်နက်ကိုင်တွေက လိုက်လံပြသပေးချိန်မှာ ကင်းလှည့် TSG မုန်တိုင်းတပ်ခွဲနဲ့  ထိပ်တိုက်တွေ့ဆုံခဲ့တာလို့ ဆိုပါတယ်။

       ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က တပ်သား ၃ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်ပါးစေ ပျူစောထီး လက်နက်ကိုင် ၁ ယောက်၊ မဏိပူကသဲ ၁ ယောက်နဲ့ စစ်ကောင်စီ တပ်သား ၄ ယောက် ထပ်မံသေဆုံးခဲ့တာမို့ စုစုပေါင်း ၉ ယောက် သေဆုံးခဲ့တာလို့ ဆိုပါတယ်။

       ဒီတိုက်ပွဲအတွင်းမှာတော့ TSG မုန်တိုင်းတပ်ခွဲက တပ်သားတွေ တဦးတယောက်မှ ကျဆုံးခဲ့ခြင်းမရှိဘူးလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

တမူးမြို့နယ်မှာ အာဏာသိမ်းပြီး ၂ လဝန်းကျင်ကတည်းက စစ်ကောင်စီ အကြမ်း ဖက်တပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

3 months Ago
Up