တပ်မတော်

April 3, 2021

တပ်မတော်ကို နိုင်ငံတကာက လက်နက်ရောင်းချမှုပိတ်ပင်ရန် ကေအန်ယူတောင်းဆို

လက်နက်မဲ့အရပ်သားတွေအပေါ် အကြမ်းဖက်နေတဲ့ တပ်မတော်ကို ဖျက်အားပြင်းလက်နက်ကြီးတွေ၊ လက်နက်တွေ၊ လူသတ်နည်းပညာတွေ၊ ဂျက်တိုက်လေယာဉ်တွေ ရောင်းချတာကို နိုင်ငံတကာက ပိတ်ဆို့ပေးဖို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က  ဧပြီလ ၂ ရက်နေ့မှာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုက သာလွန်အင်အားအသုံးပြုပြီး မတ်လ ၂၇ ရက်နေ့က ဖာပွန်ခရိုင် ညောင်လေးပင်ခရိုင်က ပြည်သူတွေကို  ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်တဲ့လုပ်ရပ်ကို ပြင်းထန်စွာကန့်ကွက်ကြောင်းလည်း ကေအန်ယူကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလုပ်ရပ်ကြောင့် လူမမယ်ကလေးတွေ ကျောင်းသားတွေ အပါအဝင်လူပေါင်းများစွာ သေဆုံးခဲ့ပြီး လူနေအိမ်တွေ စာသင်ကျောင်းတွေ ပျက်စီးခဲ့တာကြောင့် ပြည်တွင်းနဲ့ နိုင်ငံတကာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တဲ့အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့လုပ်ရပ်က ပြည်တွင်းစစ် ကျယ်ပြန့်စွာဖြစ်ပေါ်ရေးကို တွန်းပို့နေပြီး နိုင်ငံရဲ့စည်းလုံးညီညွတ်ရေးနဲ့လွတ်လပ်ရေးအလုံးစုံကို ပျက်သုဉ်းရေးကို ဦးတည်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ပါတယ်။

Photo-DSINFO

1 month Ago

February 14, 2021

ပုသိမ်တွင် တပ်မတော်ထောက်ခံအင်အားပြသူများကို ဆန့်ကျင့်ရေးအဖွဲ့က သံပုံးတီးမောင်ထုတ်

စစ်တပ်ရဲ့အာဏာသိမ်းပြီး ၁၄ ရက်မြောက်နေ့ ပုသိမ်မြို့မှာ တပ်မတော်ရဲ့လုပ်ရပ်ကို ထောက်ခံကြောင်း အင်အား ၃၀၀၀ ကျော် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

တော်မတော်ထောက်ခံတဲ့ လူ ၃၀၀၀ ကျော်လောက်က တပ်မတော်ရဲ့ ဥပဒေအညီလုပ်ရပ်ကိုထောက်ခံကြောင်း၊ တရားဥပဒေစိုးမိုးမှုကို လိုက်နာကြဖို့ စတဲ့ ဆိုင်းဘုတ်တွေနဲ့ နိုင်ငံတော်အလံတွေကိုင်ဆောင်ပြီး မြို့ပေါ်လမ်းတွေမှာ အင်အားပြလှည့်လည်ခဲ့တာပါ။

တော်မတော်ထောက်ခံတဲ့လူတွေ လှည့်လည်တာကို ရဲတပ်ဖွဲ့က လာရောက်ညှိနှိုင်းပြီး သွားလို့မရတဲ့ တားမြစ်နေရာကို မသွားဖို့ လာရောက်ညှိနှိုင်းတာမျိုး ပြုလုပ်ခဲ့ပါတယ်။

တပ်မတော်ထောက်ခံတဲ့ အင်အားပြလှည့်လည်တဲ့လူတွေကို သွားလာတဲ့လမ်းတလျှောက် စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့တွေက သံပုံးတီးမောင်းထုတ်ခဲ့သလို ၅ ထောင်စားတွေ အလိုမရှိစတဲ့ ကြွေးကြော်သံတွေနဲ့ မောင်းထုတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။

တပ်မတော်ထောက်ခံတဲ့ အင်းအာပြလှည့်လည်တဲ့ လူတွေ ပြန်ဖို့အတွက် နှစ်ဘက်ထိပ်တိုက်တွေ့တာတွေ ဖြစ်မှာဆိုးလို့ ရဲတပ်ဖွဲ့က လုံခြုံရေးရယူပေးခဲ့ရပြီး မြို့ပြင်ကို ပြန်လည်ထွက်ခွာသွားခဲ့တယ် လို့ သိရပါတယ်။

မင်းထက်မုန်း

3 months Ago
More News
Up