တန်ဇန်နီးယား

October 31, 2020

တန်ဇန်နီးယား ရွေးကောက်ပွဲတွင် လက်ရှိသမ္မတအနိုင်ရ၊ အတိုက်အခံပါတီက ပယ်ချ

တန်ဇန်နီးယား အထွေထွေရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဂျွန်မာဂူဗူလီ ပြန်အရွေးခံရတယ်လို့ ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ  ၃၀ ရက်မှာ ကြေညာပါတယ်။  အောက်တိုဘာ ၂၈ ရက်က လုပ်တဲ့ရွေးကောက်ပွဲမှာ  သမ္မတ မာဂူဗူလီက မဲအရေအတွက်  ၁၂ ဒသမ ၅ သန်း ရရှိပြီး  သူရဲ့ အဓိကပြိုင်ဘက် ချန်ဒယ်မာပါတီက တွန်ဒူလီဆူကတော့ မဲအရေအတွက် ၁ ဒသမ ၉ သန်းရရှိတယ်လို့ ကော်မရှင်က ဆိုပါတယ်။  ဒီရွေးကောက်ပွဲမှာ မူမမှန်တာတွေ အများအပြားရှိတာမို့ အယောင်ဆောင် ရွေးကောက်ပွဲသာ ဖြစ်တယ်ဆိုပြီး အတိုက်အခံပါတီက ပယ်ချထားပါတယ်။  အတိုက်အခံခေါင်းဆောင် လီဆူကတော့ ရွေးကောက်ပွဲရလဒ်ကို လက်ခံမှာ မဟုတ်ဘူးလို့ အစောပိုင်းမှာ ပြောဆိုထားပါတယ်။  အောက်တိုဘာလ ၂၉ ရက်မှာတော့ ဇန်ဇီဘာဒေသမှာ အတိုက်အခံပါတီဝင် ဒါဇင်ချီ အဖမ်းခံရပြီး အဲဒီထဲက တစ်ယောက်ထက်မနည်းဟာ ရဲတွေ ရိုက်နှက်လို့ရတဲ့ ဒဏ်ရာ အများအပြားနဲ့ ဆေးရုံတင်ထားရပါတယ်။  အထွေထွေရွေးကောက်ပွဲမှာ ဇန်ဇီဘာဒေသက အဓိကအတိုက်အခံပါတီ ခေါင်းဆောင် ဂျီတော်ကာဘွယ်၊ အေစီဒီ ဝါဇာလန်ဒိုနဲ့ လွှတ်တော်ထဲ ရောက်နေတဲ့ ချန်ဒယ်မာပါတီ ခေါင်းဆောင်တို့ဟာလည်း လွှတ်တော်အမတ်နေရာတွေမှာ အာဏရပါတီကို ရှုံးနိမ့်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
8 months Ago

October 29, 2020

သမ္မတနှင့်လွှတ်တော်ရွေးကောက်ပွဲအတွက် တန်ဇန်နီးယားနိုင်ငံသားများ ဆန္ဒမဲပေး

သမ္မတနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေအတွက် တန်ဇန်နီးယား နိုင်ငံသားတွေဟာ အောက်တိုဘာလ ၂၈ ရက်က ဆန္ဒမဲပေးခဲ့ပါတယ်။  တန်ဇန်နီးယား အစိုးရဟာ ဆန့်ကျင်သူတွေကို နှိပ်ကွပ်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေပေမယ့် သမ္မတ ဂျွန်မာဂူဘူလီက ဒုတိယ ၅ နှစ်သက်တမ်း အနိုင်ရဖို့ ကြိုးပမ်းနေပါတယ်။   သမ္မတ မာဂူဘူလီက အဓိကပြိုင်ဘက်တွေမှာ တွန်ဂူလီဆူနဲ့   နိုင်ငံခြားရေး ဝန်ကြီးဟောင်း  ဘဲနတ်မဲမဲတို့ ပါဝင်ပါတယ်။  အဓိကပြိုင်ဘက် တွန်ဂူလီဆူဟာ ၂၀၁၇ က သေနတ်နဲ့ ၁၆ ချက် အပစ်ခံရပါတယ်။ ဒါပေမဲ့ အခုထိ အဲဒီအမှုကို မဖြေရှင်းရသေးပါဘူး။  အရှေ့အာဖရိကရဲ့ တတိယမြောက် စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံ တန်ဇန်နီးယားဟာ  ပြိးခဲ့တဲ့ ၄ နှစ်မှာ  ပျမ်းမျှ စီးပွားရေး တိုးတက်မှု ၇ ရာခိုင်နှုန်းနီးပါး ရှိခဲ့ပါတယ်။  တန်ဇနီးယား အစိုးရဟာ ရထားလမ်းသစ်၊ ရေအားလျှပ်စစ်ဆည်နဲ့ အမျိုးသား လေကြောင်းလိုင်းအတွက် လေယာဉ်ဝယ်ယူရာမှာ ဒေါ်လာပေါင်း ဘီလီယံချီပြီး ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 
8 months Ago
Up