ဌာနေတိုင်းရင်းသား ၁၅ ဦး

June 23, 2020

မက္ကဆီကိုတောင်ပိုင်းတွင် ဌာနေတိုင်းရင်းသား ၁၅ ဦး တိုက်ခိုက်ခံရပြီး သေဆုံး

မက္ကဆီကိုတောင်ပိုင်းမှာ တိုက်ခိုက်သူတွေရဲ့လက်ချက်နဲ့ ဌာနေတိုင်းရင်းသားရွာသား ၁၅ ယောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ဇွန် ၂၂ ရက်မှာ ပြောပါတယ်။  ဆန်မာသဲယိုဒယ်မာဒေသမှာ ဇွန် ၂၁ ရက်ညနဲ့ ဇွန် ၂၂ ရက်မနက် တိုက်ခိုက်မှုအတွင်း အမျိုသား ၁၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိတယ်လို့ ပြည်နယ်အစိုးရ ရှေ့နေတွေက ပြောပါတယ်။ ဒါဟာ မကြာသေးခင်နှစ်တွေက ကျေးလက်ဒေသတွေကို တုန်လှုပ်စေတဲ့  ရက်ရက်စက်စက် တိုက်ခိုက်မှုတွေထဲက တစ်ခု ဖြစ်ပါတယ်။ တိုက်ခိုက်ခံရသူ အတော်များများဟာ အရှင်လတ်လတ် မီးရှို့ခံရတယ်လို့ ဒေသအစိုးရက ပြောကြားခဲ့ပြီး သေဆုံးသူ တစ်ယောက်ဆိုရင် အုတ်ခဲနဲ့ ထုသတ်ခံရဖွယ် ရှိတယ်လို့ ဆိုပါတယ်။  တိုက်ခိုက်မှုကို  ဒေသရာဇဝတ်ဂိုဏ်းခေါင်းဆောင် အကူအညီနဲ့ လက်နက်ကိုင် လူ ၆ ယောက်ထက်မနည်းက  ကျူးလွန်ခဲ့တာလို့ ဒေသအစိုးရက ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဖမ်းဆီးမှုတွေ မလုပ်ရသေးဘူးလို့လည်း အာဏာပိုင်တွေက ပြောပါတယ်။  ဆန်မာသဲယိုဒယ်မာဒေသဟာ ကမ်းရိုးတန်းမှာ တည်ရှိပြီး နယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ နှစ်ပေါင်းများစွာ အငြင်းပွားနေတဲ့ဒေသ ဖြစ်ပါတယ်။
1 year Ago
Up