ညောင်ဦးမြို့

April 19, 2021

ညောင်ဦးမြို့၌ သပိတ်စစ်ကြောင်းဖြိုခွင်းခံပြီး ပြည်သူ ၁၁ ဦးထက်မနည်းဖမ်းဆီးခံရ

မန္တလေးတိုင်း ညောင်ဦးမြို့မှာ  စစ်အာဏာရှင်ကျဆုံးရေး သပိတ်စစ်ကြောင်းဖြိုခွင်းခံရပြီး ဆန္ဒပြပြည်သူ  ၁၁ ဦးထက်မနည်းအဖမ်းခံခဲ့ရပါတယ်။

ညောင်ဦးမြို့မှာ ဧပြီလ ၁၉ ရက်နေ့က စစ်အာဏာရှင်ပြုတ်ကျရေး သပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက အကြမ်းဖက်  ပစ်ခတ်ဖြိုခွင်း ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

3 weeks Ago

December 19, 2020

ပန်းချီဆရာ ၉ ဦး စုပေါင်းကျင်းပသည့် Stay Home II ပန်းချီပြပွဲ ညောင်ဦးမြို့တွင် ပြသ

ပန်းချီ ဆရာ ၉ ဦးတို့ရဲ့ Stay Home II အမည်ရှိ စုပေါင်း ပန်းချီပြပွဲကို မန္တလေးတိုင်း ညောင်ဦးမြို့က MPP Art Gallery မှာ ပြသနေပါတယ်။ ဒီပြပွဲကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၉ ရက်ကနေ  ၃၁ ရက်နေ့အထိ ၁၃ ရက်တိတိ ပြသသွားမှာပါ။ ပန်းချီကားပေါင်း ၅၃ ကားကို ပြသထားပြီး ကားတကားကို ကျပ် ၁ သိန်းကနေ ၅ သိန်းအထိ ရောင်းဈေးသတ်မှတ်ထားပါတယ်။  ပန်းချီးကားတွေကို ဝါသနာရှင်တွေလာရောက်ကြည့်ရှု့မယ်ဆိုရင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကျန်းမာရေးနဲ့အညီ စီစဉ်ထားတယ်လို့ ပြပွဲတာဝန်ခံ ပန်းချီ အမ်ပီပီရဲမြင့်က ပြောပါတယ်။  ကိုဗစ်ကာလ အိမ်တွင်းအောင်း ပန်းချီဆရာတွေရဲ့လက်ရာတွေဖြစ်သလို ရောင်းရငွေတွေရဲ့ တချို့တဝက်ကိုလည်း ကိုဗစ် ၁၉ ကာကွယ်ရေးအတွက် လှူဒါန်းသွားမယ်လို့ ပန်းချီ ဘီညိုက ပြောပါတယ်။
5 months Ago
Up