ညောင်လေးပင်

March 9, 2021

ညောင်လေးပင်မြို့ ဆန္ဒပြလူထုကို စစ်တပ်နှင့်ရဲက အ​ကြမ်းဖက်ပစ်ခတ်ဖြိုခွင်း

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှာ မတ်လ ၉ ရက် မနက် ၁၀ နာရီ ကျော်က ဆန္ဒပြ ပြည်သူတွေကို စစ်တပ်နဲ့ရဲက သေနတ်နဲ့ပစ်ခတ်ကာ အ​ကြမ်းဖက်​ဖြိုခွဲခဲ့တယ် ဒေသခံတွေက ပြောပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေရဲ့အ​နောက်ကို စစ်တပ်နဲ့ရဲက  လိုက်လာကာ အနည်းဆုံး သေနတ် ၁၀ ချက်လောက် ပစ်ခတ်ပြီး အ​ကြမ်းဖက်ဖြိုခွဲခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ်မှုကြောင့် ဆန္ဒ​ပြသူတွေ ဒဏ်ရာရ၊ မရ မသိရှိသေးပေမယ့် ဆန္ဒပြသူတချို့ ​မြို့မ (၁) ရပ်ကွက် ကန်​တော်ဦးလမ်းဘက်မှာ ပိတ်မိနေတာတွေ ရှိနေတယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ လူငယ်တွေက ပြောပါတယ်။

ညောင်လေးပင်မြို့မှာ မတ်လ ၇ ရက်နေ့ညက လမ်းပေါ်ထွက် ဆန္ဒပြရင် အကြမ်းဖက်ဖြိုခွဲရမယ်လို့ ရဲတပ်ဖွဲ့က သတိပေးကြေညာထားပါတယ်။

​ရဲကားတွေ ၊ စစ်ကားတွေနဲ့ ​မြို့အတွင်း လှည့်လည်ဆန္ဒပြရာမှာ ဦးဆောင်သူတွေနဲ့ သတင်းသမားတွေကို လိုက်လံဖမ်းဆီးတာတွေလည်း ပြုလုပ်နေပါတယ်။

2 months Ago

March 8, 2021

အကြမ်းဖက်ဖြိုခွဲမည်ဟု ကြေညာထားသော်လည်း ​ညောင်​လေးပင် ​ပြည်သူများ ဆက်လက်ဆန္ဒပြ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှာ ​ ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြပါက အကြမ်းဖက်ဖြိုခွင်းမယ်လို့ ကြေညာကာ ပိတ်ဆို့တားဆီးမှုတွေ ပြုလုပ်ပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဆက်တိုက်လုပ်ဆောင်နေကြပါတယ်၊

မတ်လ ၈ ရက်နေ့ မနက်က ဆန္ဒပြပြည်သူတွေစုဝေးရာ အာဇာနည်လမ်းထိပ်ကို ပိတ်ဆို့ထားတာကြောင့် စုရပ်ကို မသွားတော့ဘဲ ပြောက်ကျားစနစ်နဲ့ စစ်ကြောင်းသုံးခုခွဲကာ မြို့အတွင်း လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

“သူတို့ညကတည်းက ​မြို့ထဲကိုလော်နဲ့ လိုက်အော်တာ။ လမ်းပေါ်ထွက်ရင် အကြမ်းဖက်ဖြိုခွဲရမယ်ဆိုပြီ။ မနက်ကြတော့လည်း ကျနော်တို့ရဲ့ စုရပ်ကို လာပြီပိတ်ဆို့ထားတယ်။ ဒါကြောင့် ကျနော်တို့ ပြောက်ကျားစနစ်နဲ့ လူမရမကစုပြီ လမ်းပေါ်ထွက်လာခဲ့တာ။”

ဆန္ဒပြရာလမ်းတလျှောက်ကို စစ်ကားသုံးစီး၊ အချုပ်ကားတစ်စီးနဲ့ လိုက်လာတာ၊ လမ်းဆုံတွေက ပိတ်ဆို့တာတွေ ပြုလုပ်နေပေမယ့် ထိပ်တိုက်ရင်ဆိုင်မှုမလုပ်ဘဲ ရှောင်ကွင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေးကို ထုတ်ဖော်နိုင်ခဲ့တယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတွေက ပြောပါတယ်။

ညောင်လေးပင်မြို့မှာ တားဆီးမှုတွေ၊ ခြိမ်းခြောက်မှုတွေ ပြုလုပ်နေပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေးကို CDM လုက်ထားတဲ့ဝန်ထမ်းတွေ၊ ကျောင်းသားပြည်သူတွေ၊ ဒေသခံတိုင်းရင်းသား အင်အား ငါးရာကျော်က  လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

2 months Ago
More News
Up