ဇူလိုင် ၁၇

July 9, 2020

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များ သတ်မှတ်ရက် ဇူလိုင် ၁၇ ရက်တွင် ပြန်မစနိုင်သေး

မြန်မာနေရှင်လိဂ်ပွဲစဉ်တွေနဲ့ လက်ရွေးစင်အသင်းတွေ လေ့ကျင့်မှု ပြန်စတင်နိုင်ဖို့ ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ရာမှာ သတ်မှတ်ရက်ဖြစ်တဲ့ ဇူလိုင် ၁၇ မှာ ပြန်လည်စတင်နိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။  ဇူလိုင် ၈ ရက်က နေပြည်တော်ရှိ ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနမှာ ဆွေးနွေးခဲ့ကြခဲ့ကြတာပါ။  ဘောလုံးပြိုင်ပွဲတွေ စတင်ဖို့နဲ့ လေ့ကျင့်မှုတွေပြန်လည်စတင်ဖို့ လက်ရှိအချိန်မှာ ခွင့်ပြု ပေးနိုင်မှာမဟုတ်သေးဘဲ ဝန်ကြီးဌာနဘက်က လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။  ကျန်းမားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေအနေနဲ့ လာမည့်ရက်ပိုင်းအတွင်း ကျင်းပမဲ့ ဘောလုံးကွင်းတွေနဲ့ ကလပ်အသင်းတွေဆီ လာရောက်စစ်ဆေးသွားမှာဖြစ်ပြီး ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရပါက မြန်မာလိဂ်ပွဲတွေကို ဇူလိုင်လအကုန်  ပြန်လည်စတင်ဖို့ အကြမ်ဖျင်း စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရွေးစင်အမျိုးသားအသင်းတွေနဲ့ အမျိုးသမီးအသင်းတွေရဲ့ လေ့ကျင့်မှုတွေ၊ အကယ်ဒမေအတွက် ကစားသမားများရွေးချယ်မယ့် အစီအစဉ်တွေ၊ ဖူဆယ်ရှုံးထွက်ပြိုင်ပွဲကျင်းပမဲ့ အစီအစဉ်တွေလည်း ခွင့်ပြုချက်ရတဲအချိန်မှာ ပြန်လည်စတင်မယ်လို့ သိရပါတယ်။ 
12 months Ago
Up