ဇီးတောကျေးရွာ

September 24, 2021

ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာအနီးက Mytel တာဝါတိုင် မီးရှို့ဖျက်ဆီးခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာအနီးက Mytel တာဝါတိုင် စက်တင်ဘာ ၂၃ ရက်နေ့ညက မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါ Mytel တာဝါတိုင်ကို ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က (YSO-PDF) က ဖောက်ခွဲဖျက်ဆီးလိုက်တာလို့ ဆိုပါတယ်။

YSO-PDF ရဲ့ တာဝန်ရှိသူတဦးက “ည ၁၀ နာရီလောက်က ဖောက်ခွဲဖျက်ဆီးပစ်လိုက်တာပါ။ စစ်ကောင်စီရဲ့ ထောက်တိုင်တွေကို ထပ်ပြီးတော့လည်း ဖျက်ဆီးသွားမယ်” လို့ ပြောပါတယ်။

ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က (YSO-PDF) က အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် နဲ့ စီးပွားရေးဆက်စပ်လုပ်ကိုင်ထားတဲ့ Mytel တာဝါတိုင် ၁၈ တိုင်နီးပါး ဖျက်ဆီးနိုင်ခဲ့ပြီလို့ သိရပါတယ်။

3 days Ago

June 23, 2021

ရွှေဘိုမြို့နယ် ဇီးတောကျေးရွာ အန်အယ်လ်ဒီပါတီဝင် ၁ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးတောကျေးရွာမှာ အန်အယ်လ်ဒီပါတီဝင် တစ်ယောက်ကို အကြမ်းဖက်စစ်တပ်က  ဇွန်လ ၂၂ ရက်နေ့ ညနေ ၄ ခွဲဝန်းကျင်က ဖမ်းဆီးသွားပါတယ်။ 

ရွာသားတစ်ဦးဖြစ်တဲ့ ကိုစန်းညွန့်ဦးရဲ့ နေအိမ်ကို စစ်တပ်က ဝင်ရောက်ရှာဖွေခဲ့ရာ အန်အယ်လ်ဒီ ပါတီဝင်ထားတယ်ဆိုတဲ့ မှတ်တမ်းလွှာတွေ့ရှိခဲ့လို့ ဖမ်းသွားတာလို ဇီးတောကျေးရွာဒေသခံ တစ်ဦးက ပြောပါတယ်။

“ဒလန် သတင်းပေးလို့ ဖြစ်မယ်။ အခုညနေ ၄ နာရီခွဲလောက်မှာ အိမ်စီးကား နှစ်စီးနဲ့ စစ်ကား အသေးတစ်စီး အရပ်ဝတ်တွေနဲ့ ရောက်လာကြတယ်။ လုံခြုံရေးအပြည့် ရွာလမ်းထိပ်မှာ ကင်းချထားပြီး အင်အား ၃၀ လောက်ရှိမယ်။”

စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်အုပ်စုက အန်အယ်လ်ဒီပါတီ ခေါင်းဆောင်တွေကို ဖမ်းဆီးတရားစွဲ ထောင်ချနေသလို ရပ်ကျေးတွေမှာပါလည်း  ဒေသအလိုက်ခေါင်းဆောင်တွေ ပါတီဝင်ကို လိုက်လံဖမ်းဆီး၊ ပါတီရုံးတွေကို ဖျက်ဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေကြတာပါ။

3 months Ago
Up