ဇာတ်တိုက်လေ့ကျင့်

May 20, 2020

ရွှေဘိုတွင် မုန်တိုင်းဘေး အရေးပေါ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့မှာ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ရဲ့ အကျိုးသက်ရောက်မှု ဖြစ်ပေါ်လာရင် အဆင်သင့်ဖြစ်အောင် ခရိုင်မီးသတ်ဦးစီးဌာနက ဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ အကြိုပြင်ဆင်မှုအနေနဲ့ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို မနေ့က ပြုလုပ်ခဲ့ပါတယ်။  ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်က အလွန့်အလွန်အားကောင်းနေပြီး အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့ တောင်ဖက် ရေမိုင် ၂၀၅ မိုင်ခန့်၊ ဒီဂါမြို့ တောင်-အနောက်တောင်ဘက် ၂၈၅ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကမ်ပူပါရာမြို့ အနောက်တောင်ဘက် ရေမိုင် ၄၄၅ မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ဂွမြို့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၄၄၀ ခန့် ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။  လက်ရှိအချိန်မှာ မြန်မာနိုင်ငံဘက်ကို  ဦးတည်ရွေ့လျားမယ့်အခြေအနေမရှိသေးတာကြောင့် မိုးဇလက အဝါရောင်အဆင့် သတ်မှတ်ထားပါတယ်။  ဒါပေမယ့် မုန်တိုင်းအရှိန်ကြောင့်မို့ မေလ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲနှင့် မန္တလေး၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီ၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။  ဒါ့အပြင် မုန်တိုင်းအရှိန်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ တစ်နာရီကို ၂၅ မိုင်ကနေ မိုင် ၃၀ ထိ လေတိုက်ခတ်နိုင်တယ်လို့လည်း ဆိုပါတယ်။  မုန်တိုင်းအမ်ဖန်က မြောက်၊ အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး လက်ရှိမှာ တစ်နာရီကို ၉ မိုင်နှုန်းနဲ့ ရွေ့လျားနေကာ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီကို မိုင် ၁၂၀ ထိ ရှိနေပါတယ်။ စစ်ကိုင်းတိုင်းမှာ မုန်တိုင်းအန္တရာယ်သတိပေးချက်တွေ ထုတ်ပြန်ထားတာကြောင့် အရေးပေါ်အခြေအနေအတွက်အခုလို ကြိုတင်ပြင်ဆင်ရတာလို့ ရွှေဘိုခရိုင်သတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့်က ပြောပါတယ်။  လက်ရှိမှာတော့ စစ်ကိုင်းတိုင်းအတွင်းက နေရာတော်တော်များများမှာ မိုးရွာတာ၊ လေတိုက်ခတ်တာတွေ ဖြစ်ပေါ်နေပါတယ်။
12 months Ago

February 9, 2020

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ချောက်မြို့တွင် အဖွဲ့စုံ မီးငြှိမ်းသတ်လေ့ကျင့်

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်ပြီး မကွေးတိုင်း ချောက်မြို့ မြို့မဈေးမှာ မီးသတ်တပ်ဖွဲ့အပါအဝင် အဖွဲ့စုံက မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်ခဲ့ကြပါတယ်။  ချောက်မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်အရံမီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၇ ရက်နေ့က ပြုလုပ်ခဲ့ကြတာပါ။ ချောက်မြို့နယ်မီးသတ်ဦးစီး အရာရှိ ဦးစိုးညွှန်က “အခုလိုပြုလုပ်ရတာ အကြောင်းတရားတခုဖြစ်လာရင် ကိုယ့်တာဝန် သူတာဝန်လေးတွေနဲ့ ပူးပေါင်း ဆောင်ရွက်တတ်အောင် မီးသတ်အဖွဲ့ မီးငြိမ်းသတ်နေချိန်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ လုံခြုံးရေးနဲ့ ယာဥ်အန္တရာယ်ကင်ရှင်းရေးကို ဆောင်ရွက်ပေးရသလို လူမှုရေးအသင်းတွေ အနေနဲ့လည်း အရေးပေါ်ကားနဲ့ ဘေအန္တရာယ်ကျရောက်လာတဲ့ အနေအထားပေါ်မှာ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်​တယ်” လို့ပြောပါတယ်။ ချောက်မြို့နယ် စည်ပင်သာယာရေးပေါ်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်းက “စျေးဟာ မြို့ရဲ့အသဲနှစ်လုံးဖြစ်လို့ ဘယ်လိုမှလည်း အထိခိုက်မခံနိုင်ပါဘူး၊ မန္တလေးမှာဖြစ်သွားတဲ့ စျေးမီးလောင်တာ ဘာကစလဲ၊ ဝါယာရှောဆို့တော့ ဒီစျေးကိုလည်း အဲလိုမဖြစ်ရအောင် မြို့နယ်လျှပ်စစ်၊ မီးသတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အကြိမ်ကြိမ်လည်း စစ်ဆေးထားပါတယ်” လို့ ပြောပါတယ်။  ဇာတ်တိုက်လေ့ကျင့်မှုကို မီးသတ်ယာဉ် ၆ စီး၊ ရေသယ်ယာဉ် ၁ စီး၊ ရေနံမြေ မနောဖြူ လူမှုကူညီးရေးအသင်းတွေက ရေသယ်ယာဉ်၊ လူနာတင်ယာဉ်တွေနဲ့ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ စည်ပင်၊ လျှပ်စစ်အဖွဲ့၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့နဲ့ လူမှုရေးအသင်းအဖွဲ့ လူအင်အား ၁၃၃ ဦးနဲ့ ဆောက်ရွက်ခဲ့တာပါ။ ကိုလင်း(ချောက်)
1 year Ago
Up