ဇလွန်

August 30, 2020

မြို့ ၄ မြို့၏ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ

ဒီနေ့မနက် ၁၁ နာရီခွဲ တိုင်းထွာချက်အရ မြို့ ၄ မြို့ရဲ့ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေတာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေ သတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။ ဧရာဝတီမြစ်ရေဟာ ဆိပ်သာမြို့ရဲ့  စိုးရိမ်ရေမှတ်အထက် ၂ ပေလောက် ကျော်လွန်ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။ ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေလောက် ကျော်လွန်ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။ ဧရာဝတီမြစ်ရေဟာ ဇလွန်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေလောက် ကျော်လွန်ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့ရဲ့  စိုးရိမ်ရေမှတ်အထက် ၁ လက်မလောက် ကျော်လွန်ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း ၃ လက်မလောက် ဆက်လက်တက်လာနိုင်ပါတယ်။ ဒါကြောင့် ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ ဆိပ်သာမြို့နဲ့ ငါးသိုင်းချောင်းမြို့များအတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူး သတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။
9 months Ago

August 3, 2020

မြို့ ၅ မြို့၏ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ

ဒီနေ့ မနက် ၁၁ နာရီခွဲ တိုင်းတာချက်အရ မြို့ ၅ မြို့ရဲ့ မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေတာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက တိုက်တွန်းလိုက်ပါတယ်။ ဧရာဝတီမြစ်ရေဟာ ညောင်ဦးမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ လက်မခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါတယ်။ ဧရာဝတီမြစ်ရေဟာ ဆိပ်သာမြို့ရဲ့  စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲခန့်  ကျော်လွန်ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။ ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ပါတယ်။ ဧရာဝတီမြစ်ရေဟာ ဇလွန်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း စိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိ နိုင်ပါတယ်။ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း ပေဝက်ခန့် တက်လာနိုင်ပါတယ်။ ဒါကြောင့် အဲဒီမြို့တွေရဲ့ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြု တိုက်တွန်းထားပါတယ်။
10 months Ago
Up