ဇမ်ဘီယာ

March 14, 2020

မုန်တိုင်းဒဏ်ခံ အာဖရိက ၃ နိုင်ငံရှိ လူ ၂ သန်းအတွက် စားနပ်ရိက္ခာများ လိုအပ်ဆဲ

အာဖရိကအရှေ့ပိုင်းနိုင်ငံ ၃ ခုကို ဆိုင်ကလုန်း အိုင်ဒေး ဝင်ရောက်တာ မတ်လ ၁၄ ရက်ဆို တနှစ်ပြည့်သွားပြီ ဖြစ်ပေမဲ့ မုန်တိုင်းဒဏ်ခံ လူ ၂ သန်းအတွက် စားနပ်ရိက္ခာတွေ လိုအပ်ဆဲပဲလို့ သိရပါတယ်။ ဆိုင်ကလုန်း အိုင်ဒေးဟာ မိုဘမ်ဘစ်၊ ဇမ်ဘီယာနဲ့ ဇင်ဘာဘွေနိုင်ငံတွေကို ဝင်ရောက်ခဲ့ပြီး မိုဇမ်ဘစ်နိုင်ငံ ဘေးရာဆိပ်ကမ်းဟာ ဆိုင်ကလုန်းဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရတာပါ။ တနှစ်ပြည့်ပြီဖြစ်ပေမယ့်လည်း လူပေါင်းထောင်ချီပြီး ယာယီစခန်းတွေမှာ နေထိုင်ရဆဲ ဖြစ်ပါတယ်။ အဲဒီထဲမှာ အသက် ၁၀၀ ရှိပြီဖြစ်တဲ့ အဘိုးအို ဗတ်စ်ကိုဂတ်စ်ပါလည်း အပါအဝင် ဖြစ်ပြီး ဘေးရာဆိပ်ကမ်းကနေ မိုင် ၄၀ အကွာ နာမာတန်ဒါခရိုင်က ယာယီစခန်းမှာ တယောက်တည်း နေထိုင်နေပါတယ်‌။ မုန်တိုင်းကျတုန်းက နံရံပိပြီး ရခဲ့တဲ့ဒဏ်ရာကြောင့် အခုအခါ ထော့နဲ့ ထော့နဲ့ လမ်းလျှောက်နေရတာပါ။ အဘိုးအို ဂတ်စ်ပါအနေနဲ့ လစဉ် ရိက္ခာရရှိရမှာ ဖြစ်ပေမယ့် တခါတလေ ရိက္ခာနောက်ကျတတ်တယ်လို့ သူက ပြောပါတယ်။ မိုဇမ်ဘစ်အစိုးရဟာ ယာယီစခန်းကို အမြဲအခြေချနေရာ ပြောင်းဖို့ စီစဉ်ထားပါတယ်။ လောလောဆယ်မှာတော့ မုန်တိုင်းသင့် ပြည်သူတွေဟာ တဲတွေ၊ ယာယီစခန်းတွေမှာ နေနေရပြီး ကိုယ့်စိုက်ခင်းတွေမှာ သီးနှံတွေ စိုက်ပျိုးနေရပါတယ်။ မိုဇမ်ဘစ်နိုင်ငံမှာ လူတသိန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်နေတယ်လို့လည်း အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများ အဖွဲ့က ၂၀၁၉ ဒီဇင်ဘာလမှာ ပြောခဲ့ပါတယ်။ ဒါ့အပြင် လူ နှစ်သန်းဟာ စားနပ်ရိက္ခာအကူအညီ လိုအပ်နေပြီး သူတို့အားလုံးရရှိအောင် ကြိုးပမ်းနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက ပြောခဲ့ပါတယ်။
1 year Ago

September 5, 2019

နိုက်ဂျီးရီးယားနှင့် ဇမ်ဘီယာတွင် တောင်အာဖရိက စီးပွားရေးလုပ်ငန်းများ ပိတ်သိမ်း

နိုင်ဂျီးရီးယားနဲ့ ဇမ်ဘီယာနိုင်ငံတွေမှာ တောင်အာဖရိက နိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေ တိုက်ခိုက်ခံရပြီးနောက် စက်တင်ဘာလ ၄ ရက်နေ့က MTN နဲ့ Shoprite စူပါမားကက်လုပ်ငန်းတွေကို ပိတ်ပစ်ခဲ့ပါတယ်။ ဒါဟာ လူမျိုးခြား၊ နိုင်ငံခြားသား လူမျိုးရေး မုန်းတီးမှုအပေါ်အခြေခံပြီး နိုင်ငံ ခြားသားပိုင်လုပ်ငန်းတွေ တိုက်ခိုက်ခံရအပြီး အကျိုးဆက်အနေနဲ့ ဖြစ်လာခဲ့တာပါ။ တောင်အာဖရိက တယ်လီကွန်းအော်ပရေတာ MTN ရဲ့ နိုင်ဂျီးရီးယားရုံးခွဲ ကတော့ နောက်ထပ်တစုံတရာ မထုတ်ပြန်သရွေ့ MTN ဆိုင်အားလုံးကို ပိတ်ထားမယ်လို့ ပြောပါတယ်။ “ဖောက်သည်တွေ၊ ဝန်ထမ်းတွေနဲ့ မိတ်ဘက်တွေ လုံခြုံမှုရရှိရေးဟာ ကျနော်တို့ရဲ့ ပထမဦးစားပေးပါပဲ။ ဘယ်လိုအကြမ်းဖက်မှု၊ လူမျိုးရေးခွဲခြားမှုနဲ့ မုန်းတီးမှုမျိုးကိုမဆို ကျနော်တို့အနေနဲ့ ပြစ်တင်ရှုတ်ချပါတယ်” လို့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြလိုက်တာပါ။ ဆန္ဒပြကုန်သည်တယောက်က‌တော့ “နိုင်ငံခြားသား မုန်းတီးလို့ သတ်ဖြတ်တာတွေ ဆက်မရှိသင့်ပါဘူး။ နိုင်ဂျီးယားမှာ တောင်အာဖရိက နိုင်ငံသားတွေနဲ့ သူတို့ရင်း နှီးမြှုပ်နှံမှုတွေ အများကြီးရှိပါတယ်” လို့ ပြောခဲ့ပါတယ်။ အလားတူ စူပါမားကတ်အုပ်စုကလည်း ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သူတို့ရဲ့ စူပါမားကတ် အတော်များများ ဖျက်ဆီးခံရတဲ့အတွက် တောင်အာဖရိက၊ နိုင်ဂျီးရီးယားနဲ့ ဇမ်ဘီယာတို့က ဆိုင်တွေကို ပိတ်ပစ်မယ်လို့ ကြေညာခဲ့ပါတယ်။
ႏိုင္ဂ်ီးရီးယားႏွင့္ ဇမ္ဘီယာတြင္ ေတာင္အာဖရိက စီးပြားေရးလုပ္ငန္းမ်ား ပိတ္သိမ္း DVB ႏိုင္ဂ်ီးရီးယားနဲ႔ ဇမ္ဘီယာႏိုင္ငံေတြမွာ ေတာင္အာဖရိက ႏိုင္ငံသားေတြ ပိုင္ဆိုင္တဲ့ လုပ္ငန္းေတြ တိုက္ခိုက္ခံရၿပီးေနာက္ စက္တင္ဘာလ ၄ ရက္ေန႔က MTN နဲ႔ Shoprite စူပါမားကက္လုပ္ငန္းေတြကို ပိတ္ပစ္ခဲ့ပါတယ္။ ဒါဟာ လူမ်ိဳးျခား၊ ႏိုင္ငံျခားသား လူမ်ိဳးေရး မုန္းတီးမႈအေပၚအေျခခံၿပီး ႏိုင္ငံ ျခားသားပိုင္လုပ္ငန္းေတြ တိုက္ခိုက္ခံရအၿပီး အက်ိဳးဆက္အေနနဲ႔ ျဖစ္လာခဲ့တာပါ။ ေတာင္အာဖရိက တယ္လီကြန္းေအာ္ပေရတာ MTN ရဲ႕ ႏိုင္ဂ်ီးရီးယား႐ုံးခြဲ ကေတာ့ ေနာက္ထပ္တစုံတရာ မထုတ္ျပန္သေ႐ြ႕ MTN ဆိုင္အားလုံးကို ပိတ္ထားမယ္လို႔ ေျပာပါတယ္။ “ေဖာက္သည္ေတြ၊ ဝန္ထမ္းေတြနဲ႔ မိတ္ဘက္ေတြ လုံၿခဳံမႈရရွိေရးဟာ က်ေနာ္တို႔ရဲ႕ ပထမဦးစားေပးပါပဲ။ ဘယ္လိုအၾကမ္းဖက္မႈ၊ လူမ်ိဳးေရးခြဲျခားမႈနဲ႔ မုန္းတီးမႈမ်ိဳးကိုမဆို က်ေနာ္တို႔အေနနဲ႔ ျပစ္တင္ရႈတ္ခ်ပါတယ္” လို႔ သတင္းထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပလိုက္တာပါ။ ဆႏၵျပကုန္သည္တေယာက္က‌ေတာ့ “ႏိုင္ငံျခားသား မုန္းတီးလို႔ သတ္ျဖတ္တာေတြ ဆက္မရွိသင့္ပါဘူး။ ႏိုင္ဂ်ီးယားမွာ ေတာင္အာဖရိက ႏိုင္ငံသားေတြနဲ႔ သူတို႔ရင္း ႏွီးျမႇဳပ္ႏွံမႈေတြ အမ်ားႀကီးရွိပါတယ္” လို႔ ေျပာခဲ့ပါတယ္။ အလားတူ စူပါမားကတ္အုပ္စုကလည္း ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း သူတို႔ရဲ႕ စူပါမားကတ္ အေတာ္မ်ားမ်ား ဖ်က္ဆီးခံရတဲ့အတြက္ ေတာင္အာဖရိက၊ ႏိုင္ဂ်ီးရီးယားနဲ႔ ဇမ္ဘီယာတို႔က ဆိုင္ေတြကို ပိတ္ပစ္မယ္လို႔ ေၾကညာခဲ့ပါတယ္။
2 years Ago
Up