ဇနီးကိုကလေးမွေးရာတွင် ကိုယ်လုံးတီးမြင်သွားသည့် ဆရာဝန်အား ခင်ပွန်းက သေနတ်ဖြင့်ပစ်

July 2, 2016

ကလေးမွေးရာတွင် ဇနီးကို ကိုယ်လုံးတီးမြင်သွားသည့် ဆရာဝန်အား ခင်ပွန်းက သေနတ်ဖြင့်ပစ်

ဆော်ဒီအာရေဗီးယားနိုင်ငံမှာ ဇနီးကို မွေးဖွားပေးရာမှာ ကိုယ်လုံးတီး မြင်တွေ့သွားတဲ့ ဆရာဝန်ကို ခင်ပွန်းဖြစ်တဲ့သူက သေနတ်နဲ့ ပစ်ခဲ့လို့ အပြင်းထန် ဒဏ်ရာရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက ရေးရပ်မှာ ရှိတဲ့ ကင်းဖာဟက် ဆေးဘက်ဆိုင်ရာ စီးတီးမှာ ဆရာဝန် မူဟန်နပ်အယ်ဇက်က အမျိုသမီးတဦးကို ကလေးမွေးဖွားပေးခဲ့တာ ဖြစ်ပါတယ်။ ကလေးမွေးပြီးနောက် ဆရာဝန်ကို လူကိုယ်တိုင် ကျေးဇူးတင်ချင်တယ်လို့ ပြောတဲ့အတွက် ဆေးရုံပန်းခြံမှာ တွေ့ဆုံခဲ့ကြပြီး ခင်ပွန်းဖြစ်သူက သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဇွန် ၃၀ ရက် ဆော်ဒီသတင်းတွေက ရေးပါတယ်။ သေနတ်နဲ့ ပစ်တဲ့အတွက် ဆရာဝန်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသလို ဆေးရုံမှာ ကုသခံနေရပြီး အခုတော့ အခြေအနေက တည်ငြိမ်လာပြီလို့ သတင်းတွေက ရေးပါတယ်။ သေနတ်နဲ့ ပစ်သတ်ပြီး ထွက်ပြေးသွားတဲ့ ခင်ပွန်းဖြစ်သူကို ရဲက နောက်ပိုင်းမှာ ပြန်လည် ဖမ်းဆီးခဲ့ပါတယ်။ အမျိုးသမီးဆရာဝန်တဦးနဲ့ မွေးဖွားရမှာ ဖြစ်ပြီး အမျိုးသားဆရာဝန်က မွေးဖွားတာကို အကူအညီ မပေးသင့်ကြောင်း ခင်ပွန်းဖြစ်သူက ပြောတယ်လို့ ဆိုပါတယ်။
5 years Ago
Up