ဆွီဒင်

July 15, 2019

ဆွီဒင်တွင် လေထီးခုန် အပန်းဖြေခရီးစဉ်အတွင်း လေယာဉ်ပျက်ကျ၊ ၉ ဦးသေဆုံး

ဆွီဒင်နိုင်ငံ မြောက်ပိုင်းက တက္ကသိုလ်မြို့သေးလေး အူမီယာနားမှာ ဇူလိုင် ၁၄ ရက်က လေထီးခုန် အပန်းဖြေခရီးစဉ်အတွင်း လေယာဉ်ပျက်ကျလို့ ဆွီဒင်နိုင်ငံသား ၉ ယောက် သေဆုံးပါတယ်။ လေထီးခုန်သမားတွေ စီးနင်းလိုက်ပါဖို့ ပုံစံထုတ်ထားတဲ့ လေယာဉ်ငယ်ဟာ ပျံတက်ပြီး မကြာခင် အူမေမြစ်ပေါ်က ကျွန်းပေါ်ကို ပျက်ကျခဲ့တာလို့ ရဲပြောခွင့်ရ ပီတာဂျွန်ဆွန်က ပြောပါတယ်။ သေဆုံးသူအားလုံးက ဆွီဒင်နိုင်ငံသားတွေဖြစ်ပြီး တယောက်ကတော့ နိုင်ငံနှစ်နိုင်ငံရဲ့ နိုင်ငံသားအဖြစ် ခံယူထားသူလို့ ရဲတွေက ပြောပါတယ်။ သေဆုံးသူတွေရဲ့ နာမည်တွေကိုတော့ မထုတ်ပြန်သေးသလို ပျက်ကျရတဲ့ အကြောင်းရင်းကိုလည်း မသိရသေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးသူတွေရဲ့ ဆွေမျိုးသားချင်းတွေဆီ အကြောင်းကြားပြီးပြီလို့ ဒေသတွင်း အဓိက ဆေးရုံဖြစ်တဲ့ အူမီယာတက္ကသိုလ်ဆေးရုံက အတည်ပြု ပြောဆိုပါတယ်။
2 years Ago

July 7, 2019

အမျိုးသမီးကမ္ဘာ့ဖလား တတိယနေရာလုပွဲတွင် အင်္ဂလန်က ဆွီဒင်ကို ရှုံးနိမ့် (ရုပ်သံ)

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ချန်ပီယံအသစ်ထွက်ပေါ်လားဆိုပြီး မေးခွန်းထုတ်ခံခဲ့ရတဲ့ အင်္ဂလန်အမျိုးသမီးအသင်းဟာ ထင်ထားသလောက်မအောင်မြင်ခဲ့သလို ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာ တတိယရရှိခဲ့တဲ့ စံချိန်ကိုတောင် လိုက်မမီခဲ့ပါဘူး။ အသင်းလိုက်ကစားပုံကောင်းတဲ့ ဆွီဒင်နဲ့ တတိယနေရာလုခဲ့တဲ့ အင်္ဂလန်အသင်းဟာ ရည်မှန်းချက်နဲ့လွဲခဲ့လို့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းနေတဲ့အပြင် ကံခေခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဆွီဒင်အသင်းရဲ့ ပွဲအစပိုင်းကတည်းက လျင်လျင်မြန်မြန်ကစားပုံတွေကြောင့် အင်္ဂလန်အမျိုးသမီးတို့ အငိုက်မိနေခဲ့ပြီး အနိုင်ဂိုးနှစ်ဂိုးစလုံးကို ပထမပိုင်း ၁၁ မိနစ်နဲ့ ၂၂ မိနစ်တို့မှာ ခွင့်ပြုပေးခဲ့ရတာပါ။ ဂိုးတွေ ပေးခဲ့ရပြီးတဲ့နောက် အားထည့်ကစားလာတဲ့ အင်္ဂလန်တို့ ၃၁ မိနစ်မှာ ချေပဂိုးရခဲ့ပါတယ်။ တလုံးတည်းသောချေပဂိုးကိုတော့ ကွင်းလယ်လူခါဘီက ပြိုင်ဘက်နောက်ခံလူတွေကြားကနေ ပါးပါးနပ်နပ်သွင်းယူပေးခဲ့တာပါ။ ၃၃ မိနစ်မှာ နာမည်ကြီး အယ်လန်ရိုက်က နောက်ထပ်ချေပဂိုးသွင်းယူပေးခဲ့ပေမယ့် VAR ဆုံးဖြတ်ချက်အရ လက်ထိဘောဖြစ်နေလို့ နစ်နာခဲ့ပါတယ်။ ပွဲကစားချိန် ပြီးဆုံးခါနီး ဂျော်ဒီတေလာရဲ့ကန်ချက်က ဂိုးထဲဝင်ခါနီးပေမယ့် ဆွီဒင်နောက်ခံလူ ဖစ်ရှာက မျက်နှာနဲ့ အနာခံတိုက်ထုတ်သွားခဲ့လို့ အင်္ဂလန်တို့ကံဆိုးခဲ့ပြီး ဂိုးသမား တဲလ်ဖိုဒ့်ရဲ့ ကာကွယ်မှုတွေကလည်း ၂ နှစ်ဆက် တတိယဆုရဖို့ ဝေးခဲ့ရတာပါ။ အင်္ဂလန်အမျိုးသမီးအသင်းဟာ နည်းပြ ဖီးလ်နဗီးလ်လက်အောက်မှာ အကောင်ဆုံးခြေစွမ်းပြနိုင်ခဲ့ကြပြီး အခုနှစ်ကမ္ဘာ့ဖလားမှာ ဆုမရခဲ့ပေမယ့် ကစားသမားကောင်းတွေ ပေါ်ထွက်လာတာကြောင့် အနာဂတ်အတွက် သတင်းကောင်းတခုဖြစ်တယ်လို့ ပရိသတ်တွေက ဆိုပါတယ်။
2 years Ago
More News
Up