ဆွာရက်ဇ်

May 2, 2019

ဆွာရက်ဇ် သွင်းယူခဲ့သည့် အဖွင့်ဂိုးအတွက် ဗန်ဒိုက်တွင် တာဝန်ရှိဟု အာစင်ဝင်းဂါး ဝေဖန်

ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ် သွင်းယူသွားတဲ့ ဦးဆောင်ဂိုးဟာ နောက်ခံလူ ဗန်ဒိုက်အပေါ်မှာ တာဝန်အရှိဆုံးဖြစ်တယ်လို့ နည်းပြဟောင်း အာစင်ဝင်းဂါးက ဝေဖန် သုံးသပ်လိုက်ပါတယ်။ Be In Sports ရဲ့ ရုပ်သံအစီအစဉ်မှာ အာစင်ဝင်းဂါးက သုံးသပ်ချက်စကား ပြောကြားခဲ့တာပါ။ ဘာစီလိုနာအသင်းလို အရည်အသွေးမြင့် ကစားသမားတွေရှိတဲ့ တိုက်စစ်က အသင်းရဲ့ ဧရိယာထဲကို ဝင်လာပြီဆိုရင် သတိထားရမှာဖြစ်တယ်လို့ အာစင်ဝင်းဂါးက ဆိုပါတယ်။ အဲဒီဂိုးဟာ ဘယ်တောင်ပံက ယော်ဒီအယ်လ်ဘာ ဖြတ်တင်ပေးတာကို ဆွာရက်ဇ်က လီဗာပူးနောက်တန်းကို ကျော်ဖြတ်ပြီး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဗန်ဒိုက်အနေနဲ့ အရည်အသွေးမြင့် နောက်ခံလူတဦး ဖြစ်တဲ့အတွက် အဲဒီလို အနေအထားမှာ ဆွာရက်ဇ်နောက်ကို လိုက်ပြီး ဖျက်ထုတ်သင့်ပေမယ့် ပျက်ကွက်ခဲ့တယ်လို့ အာစင်ဝင်းဂါးက ဝေဖန်ခဲ့တာပါ။ လီဗာပူနောက်ခံလူ ဗန်ဒိုက်ဟာ PFA ပရီးမီးယားလိဂ် တနှစ်တာအကောင်းဆုံး ကစားသမားဆု ရရှိထားသူဖြစ်ပြီး ဘာစီလိုနာနဲ့ပွဲမှာ ၃ ဂိုးပေးခဲ့ရပြီး ရှုံးနိမ့်ခဲ့ရတဲ့အပေါ်မှာ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
2 years Ago

February 21, 2019

တိုက်စစ်မှူး ဆွာရက်ဇ် ဂိုးပေါက်ပျောက်မှုအပေါ် ဘာကာနည်းပြ မစိုးရိမ်

ကာလရှည် ဂိုးပေါက်ပျောက်ဆုံးနေတဲ့ တိုက်စစ်မှူး ဆွာရက်ဇ်နဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မရှိဘူးလို့ ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီက ကာကွယ်ပြောကြားလိုက်ပါတယ်။ တိုက်စစ်မှူး ဆွာရက်ဇ်ဟာ လိုင်ယွန်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးပေါက်ရှာမတွေ့ခဲ့သလို ချန်ပီယံလိဂ် ၅ ပွဲမှာလည်း ဂိုးပေါက်ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီကတော့ ဆွာရက်ဇ်ရဲ့ ဂိုးသွင်းအားနည်းနေတာက စိုးရိမ်စရာမဟုတ်ဘဲ ဂိုးသွင်းခွင့်တွေ မရခဲ့တာကမှ စိုးရိမ်စရာ ဖြစ်လိမ့်မယ်လို့ ဗယ်လ်ဗာဒီက ပြောကြားခဲ့ပါတယ်။ ဆွာရက်ဇ်အနေနဲ့ ဂိုးသွင်းခွင့်မရခဲ့ရင်လည်း အသင်းဖော်တွေအတွက် အခွင့်အရေးတွေ ဖန်တီးနိုင်တာကြောင့် ပြိုင်ဘက်အသင်းအတွက် ကြောက်စရာ တိုက်စစ်မှူးအဖြစ် ဆက်ရှိနေဆဲဖြစ်တယ်လို့ ဗယ်လ်ဗာဒီက ဆိုပါတယ်။ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူး ဆွာရက်ဇ်ဟာ အခုနှစ်ဘောလုံးရာသီမှာ စုစုပေါင်း ၃၃ ပွဲကစားပြီး ၁၆ ဂိုး သွင်းယူထားပေမယ့် နောက်ဆုံးပွဲစဉ် ၈ ပွဲမှာတော့ တဂိုးပဲ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
3 years Ago
More News
Up