ဆွမ်ဆီးကို ဂိုးပြတ်နိုင်ပြီး လက်ဆက်စတာ အမှတ်ပေးချန်ပီယံဖြစ်ရန် နီးစပ်လာ

April 25, 2016

ဆွမ်ဆီးကို ဂိုးပြတ်နိုင်ပြီး လက်ဆက်စတာ အမှတ်ပေးချန်ပီယံဖြစ်ရန် နီးစပ်လာ (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် အမှတ်ပေးပွဲစဉ် ၃၅ အဖြစ် လက်ဆက်စတာစီးတီးအသင်းနဲ့ ဆွမ်ဆီးတို့ ဧပြီ ၂၄ ရက်က ယှဉ်ပြိုင်ရာ လက်ဆက်စတာစီးတီးက ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ လက်ဆက်စတာအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၁၀ မိနစ်မှာ မာရက်ဇ်၊ မိနစ် ၃၀ နဲ့ ၆၀ မှာ အူလိုအာနဲ့ ပွဲချိန် ၈၅ မိနစ်မှာ အယ်လ်ဘရိုက်တန်တို့က သွင်းယူပေးခဲ့တာပါ။ လက်ဆက်စတာဟာ ဒီပွဲမှာ တိုက်စစ်မှူး ဗာဒီ ပွဲပယ်ခံထားရလို့ မပါဝင်နိုင်ခဲ့ပေမယ့် ဂိုးပြတ်သွင်းယူပြီး အနိုင်ရသွားခဲ့တာပါ။ ဒီပွဲမှာ ဆွမ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပေမယ့် ဂိုးကန်သွင်းခွင့်မှာတော့ လက်ဆက်စတာက အသာရခဲ့ပါတယ်။ ဒီပွဲမှာ ၂ ဂိုးသွင်းယူပေးခဲ့တဲ့ အူလိုအာဟာ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ လက်ဆက်စတာဟာ ဒီပွဲအနိုင်ရတဲ့အတွက် ရမှတ် ၇၆ မှတ်နဲ့ ဒုတိယနေရာက စပါးအသင်းထက် တပွဲပို၊ ရမှတ် ၈ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပြီး ချန်ပီယံဖြစ်ဖို့ ပိုမို နီးစပ်လာခဲ့ပါတယ်။
5 years Ago
Up