ဆော့ဘော့ဇလိုင်

November 8, 2020

ဆဲလ်ဘက်တွင်ခြေစွမ်းပြနေသည့် ဆော့ဘော့ဇလိုင်ကို အာဆင်နယ်ချိတ်ဆက်ခဲ့ဟု အေးဂျင့် ပြော

ဆဲလ်ဘက် ကွင်းလယ်လူ ဆော့ဘော့ဇလိုင်ကို အာဆင်နယ်အသင်းခေါ်ယူဖို့ ချိတ်ဆက်ခဲ့တယ်လို့ ကစားသမားရဲ့ အေးဂျင့်က အတည်ပြုပါတယ်။  အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ လိုင်ယွန်ကွင်းလယ်လူ ဟတ်ဆန်အော်ဝါးကို ခေါ်ယူဖို့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ဆဲလ်ဘက်က ဆော့ဘော့ဇလိုင်ကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့တာလို့ သိရပါတယ်။  အသက် ၂၀ သာရှိသေးတဲ့ ဟန်ဂေရီလက်ရွေးစင် ဆော့ဘော့ဇလိုင်ကို အာဆင်နယ်က အမှန်တကယ်ချိတ်ဆက်ခဲ့တာလို့ အေးဂျင့် အက်စ်တာဟာဇီက အတည်ပြုခဲ့ပါတယ်။  သူဟာ သြစတြီးယားကလပ် ဆဲလ်ဘက်အတွက် ၇၃ ပွဲကစားထားပြီး ၂၂ ဂိုး သွင်းယူထားပါတယ်။  ဆဲလ်ဘက်မှာ ခြေစွမ်းပြသနေတာကြောင့် လာမယ့်ရာသီမှာတော့ အသင်းရဲ့မိတ်ဖက် ကလပ်ဖြစ်တဲ့ လိုက်ဇစ်အသင်းကို ပြောင်းရွှေ့ကစားနိုင်တယ်လို့လည်း သိရပါတယ်။  လူငယ်ကွင်းလယ်လူ ဆော့ဘော့ဇလိုင်ဟာ ဟန်ဂေရီ လက်ရွေးစင်အတွက်လည်း ၁၀ ပွဲ ကစားပေးထားပါတယ်။
6 months Ago
Up