ဆူရှီဆိုင်ရှင်

May 6, 2020

Case 146 ဆူရှီဆိုင်ရှင်နှင့် ရင်းနှီးသည့် အမျိုးသမီးကို သံသယရှိသဖြင့် စံပြဆေးရုံပို့ 

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဧပြီလ ၂၆ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ပိုးတွေ့လူနာအဖြစ် အတည်ပြုထားတဲ့ Case 146 ဆူရှီဆိုင်ရှင်နဲ့ ရင်းနှီးတဲ့ အမျိုးသမီးတဦး တောင်ဥက္ကလာပမြို့နယ်က Fever Clinic  ဆေးခန်းကို မေလ ၆ ရက်နေ့ ၁၁ နာရီကျော်လောက်က လာရောက်ပြသရာက သံသယရှိလို့ စံပြဆေးရုံကို ပို့ထားကြောင်း အဲဒီ Fever Clinic ဆေးခန်းက ကုသရေးဆရာဝန် ဒေါက်တာ ထွန်းထွန်းဦးက ဒီဗွီဘီကို ပြောပါတယ်။  Case 146 ဆူရှီဆိုင်ပိုင်ရှင်ကို ပိုးတွေ့လူနာအဖြစ် မကြေညာခင်ရက်ပိုင်းက အဲဒီအမျိုးသမီးဟာ ဆူရှီဆိုင်သွားကာ ဝယ်စားခဲ့ဖူပြီး ပိုင်ရှင်နဲ့လည်း ရင်းနှီးကြောင်း၊ ဧပြီလကုန်ပိုင်းက ဖျားချင်သလိုဖြစ်လို့ ဆေးသောက်ခဲ့ရာက ပျောက်ကင်းခဲ့တယ်လို့ ဒေါက်တာ ထွန်းထွန်းဦးက ပြောပါတယ်။ တောင်ဥက္ကလာပမြို့နယ် ၃ ရပ်ကွက်ထဲမှာနေထိုင်တဲ့ အဲဒီ အမျိုးသမီးဟာ ဖျားချင်သလိုဖြစ်လို့ ဒီကနေ့ မေလ ၆ ရက်နေ့က တောင်ဥက္ကလာပမြို့နယ် အထက ၂ ကျောင်းရှိ Fever Clinicဆေးခန်းမှာ လာပြရင်း သူ့ကို သံသယရှိလို့ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးကို ဆက်သွယ်ပို့ဆောင်ထားပြီး သူ့ကို ဓာတ်ခွဲနမူနာ ရယူစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ တောင်ဥက္ကလာပမြို့နယ်က Fever Clinic ဆေးခန်းကို မေလ ၄ ရက်နေ့က စဖွင့်ခဲ့ပြီး အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တွေမှာ ဖွင့်လှစ်ကုသပေးနေပါတယ်။
1 year Ago
Up