ဆုတ်ခွာ

August 24, 2020

အမေရိကန်တပ်များ အီရတ်မှ ဆုတ်ခွာ

အီရတ်နိုင်ငံ တာဂျီစစ်တပ်အခြေစိုက်စခန်းကနေ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာ ညွန့်ပေါင်းတပ်တွေ သြဂုတ် ၂၃ ရက်က ပြန်ဆုတ်ခွာခဲ့ကြပြီး စစ်စခန်းကို အီရတ်လုံခြုံရေးတပ်ဆီ လွှဲပေးလိုက်ပြီလို့ ရိုက်တာသတင်းဌာနရဲ့ မျက်မြင်သက်သေတွေနဲ့ ညွန့်ပေါင်းတပ်က ပြောပါတယ်။  မြို့တော်ဘဂ္ဂဒက်ရဲ့ မြောက်ဘက် ၁၂ မိုင်အကွာက စစ်စခန်းဟာ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ပြည်သူ့စစ်တွေက အမေရိကန်ဦးဆောင်တဲ့ တပ်တွေကို လတ်တလော လတွေအတွင်း ဒုံးကျည်နဲ့ မကြာခဏ တိုက်ခိုက်ခဲ့တဲ့ နေရာပါ။  ညွှန့်ပေါင်းတပ်ဖွဲ့ဝင်တွေကို နေရာရွှေ့တာဟာ အီရတ်အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်တဲ့ ရေရှည်စီမံကိန်းရဲ့အစိတ်အပိုင်းပါလို့ ညွန့်ပေါင်းတပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။  တာဂျီစခန်းဟာ ညွန့်ပေါင်းတပ်ဖွဲ့ဝင် ၂ ထောင်လောက်ထိ တပ်စွဲထားခဲ့တဲ့ သမိုင်းဝင် နေရာ လည်းဖြစ်ပြီး သူတို့ထဲက အများစုဟာ ဒီနှစ်နွေရာသီမှာ စခန်းကနေ ထွက်ခွာကြမှာပါ။  ပစ္စည်းကိရိယာတွေကို အီရတ်လုံခြုံရေးတပ်ဆီလွှဲတာ အဆုံးသတ်ပြီဆိုရင် ရက်ပိုင်းအတွင်း စခန်းက ထွက်ခွာမယ်လို့ ကြေညာချက်က ဆိုပါတယ်။  ဒါဟာ အီရတ်အခြေစိုက်စခန်းရဲ့ ညွန့်ပေါင်းတပ်အပိုင်းကို အီရတ်စစ်တပ်ဆီ ၈ ကြိမ်မြောက် ပြန်လွှဲပေးတာပါ။ 
9 months Ago

January 2, 2020

ပြည်သူ့စစ်အဖွဲ့ထောက်ခံဆန္ဒပြသူများ အမေရိကန်သံရုံးမှ ဆုတ်ခွာ

အမေရိကန်အစိုးရက အီရတ်နိုင်ငံရှိ အမေရိကန်သံရုံးထဲကို တပ်ဖွဲ့ဝင်တွေစေလွှတ်ပြီးနောက်  ဇန်နဝါရီ ၁ ရက်မှာ ပြည်သူ့စစ်အဖွဲ့ထောက်ခံသူတွေဟာ သံရုံးကနေ ဆုတ်ခွာသွားခဲ့ပါတယ်။   အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်အဖွဲ့အပေါ် အမေရိကန်လေကြောင်း တိုက်ခိုက်တာကို  ဒေါသထွက်ပြီး ဆန္ဒပြသူတွေက သံရုံးကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။ အဲဒီအချိန်  သံရုံးခေါင်မိုးပေါ်မှာ အမေရိကန်တပ်ဖွဲ့တွေက နေရာယူထားပြိး  ဆန္ဒပြသူတွေကို မျက်ရည်ယိုဓာတ်ငွေ့သုံး လူစုခွဲခဲ့ပါတယ်။   မွန်းလွဲပိုင်းလောက်မှာတော့ ဆန္ဒပြသူအများစုဟာ  (PMF) ပြည်သူ့စစ်အဖွဲ့ရဲ့ ဆုတ်ခွာရေး တောင်းဆိုချက်ကို လိုက်နာခဲ့ပုံရပါတယ်။    ဆန္ဒပြသူတွေရဲ့ သတင်းစကားကို အမေရိကန်အစိုးရ ကြားသိပြီးပြီလို့ ပြည်သူ့စစ်အဖွဲ့က ပြောခဲ့ပါတယ်။   လူငယ်တချို့က အုန်းလက်တွေသုံးပြီး သံရုံးရှေ့လမ်းတွေ ရှင်းလင်းခဲ့သလို  တချို့ကလည်း ပစ္စည်းတွေထုတ်ပိုးပြီး ကားတွေနဲ့လူတွေကို ခေါ်သွားခဲ့ပေမယ့် ကျန်တချို့ကတော့နေခဲ့ပြီး  အနီးဝန်းကျင် ဟိုတယ်တခုရှေ့မှာ သပိတ်စခန်းလုပ်ခဲ့ပါတယ်။    ဒီဆန္ဒပြပွဲတွေဟာ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်နဲ့ အီရန်အစိုးရတို့ရဲ့  လျှို့ဝှက်စစ်ပွဲ အလှည့်ပြောင်းတခု ဖြစ်တယ်လို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။
1 year Ago
Up