ဆီဗီလာ

September 24, 2020

ရာနှုန်းပြည့်အာရုံစိုက်ကစားမှ ဆီဗီလာကို နိုင်မည်ဟု ဘိုင်ယန်နည်းပြ ပြော

ဆီဗီလာနဲ့ ကစားမယ့် ဥရောပစူပါဖလားဗိုလ်လုပွဲမှာ ရာနှုန်းပြည့်အာရုံစိုက်ကစားမှ နိုင်ပွဲရမယ်လို့ ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖလစ်ခ်က ပြောပါတယ်။  ချန်ပီယံလိဂ်ချန်ပီယံ ဘိုင်ယန်မြူးနစ်နဲ့ ယူရိုပါလိဂ်ချန်ပီယံ ဆီဗီလာအသင်းတို့ဟာ ဥရောပစူပါဖလား ဗိုလ်လုပွဲအဖြစ် ဟန်ဂေရီနိုင်ငံ ဘူဒါပက်မြို့က ပွတ်ရှ်ကတ်ကွင်းမှာ စက်တင်ဘာ ၂၅ ရက် မနက် ၁ နာရီခွဲ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။  အဲဒီပွဲစဉ်အတွက် ရာနှုန်းပြည့် အာရုံစိုက်ကစားဖို့လိုအပ်ပြီး ၉၈ ရာခိုင်နှုန်း ဒါမှာမဟုတ် ၉၉ ရာခိုင်နှုန်းလောက်သာ အာရုံစိုက်ကစားပါက ရှုံးနိမ့်သွားနိုင်တယ်လို့ ဘိုင်ယန်နည်းပြ ဖလစ်ခ်က ပြောပါတယ်။  ဘိုင်ယန်ဂိုးသမား နူအာကတော့ ဗိုလ်လုပွဲ ကျင်းပမယ့် ဟန်ဂေရီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု စံချိန်တင်မြင့်မားနေပေမဲ့ ပွဲအပေါ်မှာသာ အာရုံစိုက်ထားပြီး စူပါဖလားရရှိအောင် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။  နည်းပြ ဖလစ်ခ်ကတော့ ဂျာမနီမှာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေရှိနေဆဲ ဖြစ်တာကြောင့် ဟန်ဂေရီနိုင်ငံမှာ လာကစားရတဲ့အပေါ်မှာ ထူးခြားမှုတစုံတရာမရှိကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
8 months Ago

September 2, 2020

ဘာစီလိုနာကွင်းလယ်လူ ရာကီတစ် အသင်းဟောင်း ဆီဗီလာဆီပြောင်းရွှေ့

ဘာစီလိုနာ ကွင်းလယ်လူ ရာကီတစ်ဟာ ဆီဗီလာအသင်းဆီကို ၄ နှစ်စာချုပ်နဲ့ ပြန်လည် ပြောင်းရွှေ့သွားပါတယ်။  အသက် ၃၂ နှစ်ရှိ ခရိုအေးရှားကွင်းလယ်လူ ရာကီတစ်ဟာ ၂၀၁၄ ခုနှစ်က ဆီဗီလာကနေ ဘာစီလိုနာကို ပြောင်းရွှေ့ပြီး ၆ နှစ်ကြာ ကစားခဲ့ပြီးနောက် အသင်းဟောင်းဆီ ပြန်လည်ပြောင်းရွှေ့ခဲ့တာပါ။ ရာကီတစ်ဟာ ဘာစီလိုနာနဲ့ ၆ နှစ်ကြာကာလအတွင်းမှာ လာလီဂါဖလား ၄ ကြိမ်၊ ကိုပါဒယ်ရေး ဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ်နဲ့ ဖီဖာကလပ်ချန်ပီယံဆုဖလားတွေ ရယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာနဲ့ တစ်နှစ်စာချုပ်သက်တမ်း ကျန်ရှိသေးတဲ့ ရာကီတစ်ကို နည်းပြသစ် ရော်နယ်ကိုးမန်းက သူ့ရဲ့ အနာဂတ် အစီအစဉ်မှာ ထည့်သွင်းထားခြင်းမရှိတာကြောင့် ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ရာကီတစ်ဟာ ၂၀၁၄ ခုနှစ်က ဆီဗီလာအသင်း ယူရိုပါလိဂ်ချန်ပီယံဆုဖလား ဆွတ်ခူးရာမှာ အသင်းခေါင်းဆောင်အနေနဲ့ ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။
8 months Ago
More News
Up