ဆားလင်းကြီးမြို့နယ်

November 17, 2021

ဆားလင်းကြီးမြို့နယ်တွင် ဒေသခံပြောက်ကျားတပ်က စစ်ကား ၄ စီးကို မိုင်းခွဲတိုက်ခိုက် (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ  နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့   စစ်ကား ၄ စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြောက်ကျားတပ်ဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

ဆားလင်းကြီး လည်ငေါက်လမ်းပေါ်မှာ ညနေ ၃ နာရီလောက်က စစ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ကားလေး ၄ စီးကို မိုင်းခွဲခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတချို့ ဒဏ်ရာရသွားတယ်လို့လည်း ပြောပါတယ်။

"၄ ယောက်လောက် လေထဲမြောက်တက်သွားတယ်။ ကျနော်တို့ ဗွီဒီယိုထဲမှာလည်းပါတယ်။ ဒဏ်ရာရတာလည်း အများကြီးပဲ။ ကျနော်တို့ဘက်က ထိခိုက်တာ မရှိပါဘူး။ တခြား ပြောက်ကျားတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ်တာပါ" လို့ စစ်ဆင်ရေးမှာပါဝင်တဲ့ One Star Task Force အဖွဲ့ဝင်တယောက်က ပြောပါတယ်။

ဒါဟာ နိုဝင်ဘာ ၉ ရက်နေ့က ယင်းမားပင်မြို့နယ်၊ တည်ပင်ကန်ရွာနားမှာ စစ်ကောင်စီနဲ့တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သား ၃ ယောက်ကျဆုံးခဲ့တဲ့အပေါ် လက်တုံ့ပြန်တိုက်ခိုက်တာလို့လည်း ဒေသခံပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

Video Credit- One Star Task Force - OSTF

2 months Ago

October 26, 2021

ဆားလင်းကြီးမြို့နယ်၌ စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရ၊ လောင်းကစားဝိုင်းများနှင့် KTV ဆိုင်များကို PDF သတိပေး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပေါ်  ကိုင်းရွာလမ်းခွဲတောင်ဘက်မှာ အောက်တိုဘာ ၂၆ ရက်  ညနေ ၄ နာရီလောက်က  စစ်ကောင်စီယာဉ်တန်းကို မိုင်း ၁၈ လုံးဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ကျနော်တို့  ဆားလင်းကြီးပြည်သူ့ကာကွယ်ရေးနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ပေါင်း တိုက်ခိုက်ခဲ့တာဗျ။ အကျဆုံးကတော့ ကျနော်တို့ဘက်ကမရှိဘူး။ စစ် (--) တွေဘက်ကတော့  ကားလေးစီးလာတယ်။ သုံးစီးမိုင်းထိတယ်ပျက်စီးတယ်ဗျ။ စစ်ကောင်စီဘက်က အကျဆုံးတော့ အတိကျ မပြောနိုင်ဘူး”လို့  ဆားလင်းကြီးပြည်သူကာကွယ်ရေးခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်မှာ   အခု အောက်တိုဘာလထဲမှာ  စစ်ကောင်စီယာဉ်တန်းကို သုံးကြိမ်အထိ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့လည်း  ဒေသခံ PDF ကပြောပါတယ်။

ဆာလင်းကြီးမြို့နယ် ကျားတက်ကျေးရွာက စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးနေသူ တစ်ယောက်လည်း  ဒီ ညနေ ၃ နာရီကျော်မှာ နေအိမ်အတွင်း ဝင်ရောက်ရှင်းလင်းခံရတယ်လို့ ဒေသခံရွာသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“အသတ်ခံရသူက စစ်ကောင်စီသတင်းပေးတာတွေလုပ်တယ်။ ဒေသခံ ပြည်သူကာကွယ်ရေးတပ်တွေရဲ့ လှုပ်ရှားတာတွေ စစ်ကောင်စီ သတင်းပေးတာတွေလုပ်တယ်။ CDMလုပ်တဲ့ ဝန်ထမ်းတွေ ခြိမ်းခြောက်တာတွေလုပ်တယ်လို့ နာမည်ထွက်နေတာ” လို့  ကျားတက်ရွာသားက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ကလည်း ဖောင်းကတာကျေးရွာက ဒလန်တစ်ဦး အသတ်ခံရပြီး အခု အောက်တိုဘာလအတွင်းမှာ အသတ်ခံရသူ ၂ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

ဆာလင်းကြီးမြို့နယ်မှာ စစ်ကောင်စီကို လိုင်းကြေးပေးပြီး လောင်းကစားဝိုင်းဖွင့်သူတွေနဲ့  KTVဆိုင်တွေ ချက်ချင်းပိတ်သိမ်းဖို့  ဆားလင်းကြီး SSTFက သတိပေးစာ ထုတ်ထားပါတယ်။ 

လောင်းကစားဝိုင်းနဲ့ KTV ဆိုင်တွေဟာ စစ်ကောင်စီကို အခွန်တွေ ပေးနေတာကြောင့် အခုလို ပိတ်သိမ်းခိုင်းတာဖြစ်ပြီး   လိုက်နာဆောင်ရွက်မှုမရှိပါက   စစ်ကောင်စီကို ထောက်ခံအားပေးနေတဲ့ ထောက်တိုင်မှန်သမျှ  ချေးမှုန်းရလိမ့်မယ်လို့လည်း SSTFက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်းမြို့တွေ ၊ ရွာတွေမှာ စစ်ကောင်စီ တပ်တွေက လိုင်းကြေးယူပြီး လောင်းကစားဝိုင်းတွေကို ပိုမို ဖွင့်လှစ်လုပ်ကိုင်ခွင့်ပေးနေတာဖြစ်ပါတယ်။

3 months Ago
More News
Up