ဆားလင်းကြီး

May 2, 2021

လက်ပံတောင်းတောင်ဒေသက ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေးသပိတ်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်၊ ကြေးစင်တောင်အနီးကျေးရွာတွေ စုပေါင်းပြီး မေလ ၂ ရက်နေ့မနက်က ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေး သပိတ်ပြုလုပ်ခဲ့ပါတယ်။

5 days Ago

မေဒေးနေ့ ယင်းမာပင်နှင့် ဆားလင်းကြီးဒေသက စစ်အာဏာရှင်ဆန့်ကျင်လူထုလှုပ်ရှားမှု

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့ ပူး​​ပေါင်းပြီး စစ်အာဏာရှင်အပြီးတိုင်ချုပ်ငြိမ်း​ရေးဆန္ဒပြပွဲကို  ​မေလ ၁ ရက်​(​မေ​ဒေး)​နေ့မှာ​ပြုလုပ်ရာမှာ  CDM ဝန်ထမ်း​တွေ၊ မြန်မာ-ယန်စီနဲ့  မြန်မာဝမ်​ပေါင်အလုပ်သမားတွေအပါအဝင် ကျောင်းသား ပြည်သူအင်အား ၁,၀၀၀ ​ကျော် ပူး​ပေါင်းပါဝင်ခဲ့ကြပါတယ်။

ဆန္ဒပြတဲ့ ပညာရေးနဲ့ ကျန်းမာရေးဌာန ပြည်သူ့ဝန်ထမ်း​တွေက စစ်အာဏာရှင်ကျဆုံးတဲ့အထိ CDM ဆက်လုပ်​ဆောင်မှာဖြစ်သလို  အလုပ်သမားတွေကလည်း အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။

​ကျောင်းသား ​ကျောင်းသူတွေကလည်း စစ်ကျွန် ပညာ​ရေးကို လက်ခံမှာမဟုတ်ဘဲ ​ကျောင်းမတက်ဘဲ ဆန္ဒ​ဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။

5 days Ago

March 28, 2021

၁ ဦးကျဆုံးခဲ့သော်လည်း ယင်းမာပင်နှင့် ဆားလင်းကြီးတွင် ဆက်လက်ဆန္ဒပြ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နှင့်ဆားလင်းကြီးမြို့နယ်တို့ပူး​ပေါင်းသပိတ်ဟာ မတ်လ ၂၇ ရက်​နေ့က အာဇာနည် ၁ ဦးကျဆုံးခဲ့ရ​ပေမယ့် မတ်လ ၂၈ ရက်​နေ့မှာ ဆက်လက်ပြီး​တော့ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတာပါ။

ဒီက​နေ့ဆန္ဒပြပွဲမှာ​တော့ မတ်လ ၂၇ ရက်​နေ့က အကြမ်းဖက်စစ်​ကောင်စီရဲ့ အ​ပေါင်းပါအဖွဲ့က ​သေနတ်နဲ့ပစ်သတ်ခံရတဲ့ ဆားလင်းကြီးမြို့နယ် ဒုန်း​တော​ကျေးရွာအုပ်စု ရွာသာ​ကျေးရွာက အသက်(၃၀)နှစ်အရွယ် ​ကိုချမ်း​မြေ့​ကျော်အပါအဝင် နိုင်ငံတစ်ဝှမ်းလုံးမှာ ကျဆုံးခဲ့ရတဲ့ ဒီမိုက​ရေစီအာဇာနည်သူရဲ​ကောင်းများကို ရည်ဇူးပြီး ဂုဏ်ပြုအ​လေးပြုခြင်း​တွေကိုပါ ပြုလုပ်ခဲ့ကြတာပါ။

ပူး​ပေါင်းသပိတ်ဟာ ဒီမိုက​ရေစီ​တောင်းဆိုရင်း ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲ​ကောင်း​တွေနဲ့အတူ စစ်အာဏာရှင်ကျဆုံးသည့်တိုင်​အောင် ချီတက်ကြမယ်လို့ ဆိုပါတယ်။

စစ်​ကောင်စီရဲ့​အ​ပေါင်းပါအဖွဲ့က လူ​သေဆုံး​အောင်ထိ အကြမ်းဖက်ဖြိုခွင်း​မှု​တွေရှိ​နေတဲ့ကြားမှာ စစ်အာဏာရှင်ကန့်ကွက်ပွဲ​တွေဟာ နိုင်ငံအနှံ့မှာ ပုံစံအမျိုးမျိုးနဲ့ ဆက်လက်ဆန္ဒပြ​နေကြပါတယ်။

1 month Ago
More News
Up