ဆာလက်

January 12, 2022

နိုင်ဂျီးရီးယားကို ရှုံးနိမ့်ပြီးနောက် အီဂျစ်တိုက်စစ်မှူး ဆာလက်ကို ပရိသတ်များဝေဖန်

အာဖရိကနိုင်ငံများဖလား အုပ်စုအဖွင့်ပွဲစဉ်မှာ အီဂျစ်က နိုင်ဂျီးရီးယားကိုရူံးနိမ့်ပြီးနောက် အီဂျစ်အသင်းခေါင်းဆောင် ဆာလက်ကို ပရိသတ်တွေက လှောင်ပြောင်ဝေဖန်ခဲ့ကြပါတယ်။ 

အီဂျစ်အသင်းဟာ လီဗာပူးသူရဲကောင်း ဆာလက်ရဲ့ ဦးဆောင်မှုနဲ့အတူ ပြိုင်ပွဲမှာချန်ပီယံဖြစ်ဖို့ ရေပန်းစားတဲ့ အသင်းတစ်သင်းဖြစ်ပေမယ့် အဖွင့်ပွဲမှာပဲ ရှုံးပွဲတွေ့ခဲ့တာပါ။ 

ဆာလက်ဟာ တစ်ပွဲလုံးမှာ ဘောလုံး ၃၅ ချက်ထိခဲ့ပြီး ပြိုင်ဘက်ဧရိယာထဲမှာ ၄ ကြိမ်သာရထားခဲ့ကာ တစ်ကြိမ်သာ ဂိုးပေါက်တည့်တဲ့ ကန်ချက်ရှိခဲ့တာပါ။ 

အဲဒီအပေါ်မှာ ပရိသတ်တွေက ဆိုရှယ်မီဒီယာမှာ ဝေဖန်နေကြပြီး လီဗာပူးအသင်းဖော်တွေသာမရှိရင် ဘာမှအသုံးမဝင်ဘူးလို့ လှောင်ပြောင်ခဲ့ကြပါတယ်။

“နေရာလွတ်တွေ မရှာဖွေနိုင်ခဲ့သလို ပွဲကြီးပွဲကောင်းမှာ ဆာလက်တစ်ယောက် အသုံးမဝင်ဖြစ်ခဲ့ရပြန်ပြီ” လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပေးပါတယ်။ 

နောက်ထပ်တစ်ဦးကလည်း “ခံစစ်မှူးနှစ်ယောက်က ဆာလက်ကို ကျော်တက်ပြေးသွားတယ်။ ငါငိုနေရပြီ။ အာဖရိကဖလားက ဟာသတော့မဟုတ်ဘူး” လို့ ပရိသတ်တစ်ဦးက တွစ်တာကနေ မှတ်ချက်ပေးခဲ့ပါတယ်။ 

ဆာလက်ဟာ ပရီးမီးယားလိဂ်မှာတော့ ပွဲ ၂၀ မှာ ၁၆ ဂိုးသွင်းပြီး ၉ ကြိမ် ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

2 weeks Ago

January 11, 2022

ဆာလက်က အတုယူစရာ စံပြကစားသမားဟု ဂျရော့ဘိုဝင် ချီးကျူး

လီဗာပူးတိုက်စစ်ကစားသမား မိုဟာမက်ဆာလက်ဟာ အတုယူစရာ စံပြကစားသမားဖြစ်တယ်လို့ ဝက်စ်ဟမ်းတိုက်စစ်ကစားသမား ဂျရော့ဘိုဝင်က ချီးကျူးပါတယ်။ 

အင်္ဂလန်တောင်ပံတိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်မှာ ၃ ဂိုးသွင်း ၇ ကြိမ်ဂိုးဖန်တီးမှု ပြုလုပ်ခဲ့သလို ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလားပွဲစဉ်တွေမှာလည်း ခြေစွမ်းပြနေပါတယ်။ 

ဟူးလ်စီးတီးမှာတုန်းက လီဗာပူးအသင်းဆီပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးတဲ့ ဘိုဝင်ဟာ ဆာလက်ကို အတုယူစရာ စံပြကစားသမားဖြစ်တယ်လို့ ချီးကျူးသွားခဲ့တာပါ။ 

ဆာလက်က ဂိုးသွင်းနိုင်သလို ဂိုးဖန်တီးမှုလည်းလုပ်နိုင်ပြီး ခြေစွမ်းကောင်းကိုလည်း နှစ်စဉ်ထိန်းထားနိုင်တာက ပြည့်စုံကောင်းမွန်တဲ့ စံပြကစားသမားဖြစ်စေတယ်လို့ ဘိုဝင်က ပြောပါတယ်။ 

“ဆာလက်က လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ပြီး သူ့ဆီကနေ လေ့လာသင်ယူရပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ ကိုယ်နဲ့နေရာချင်းတူညီတဲ့ ကစားသမားတွေဆီကနေ လေ့လာသင်ယူရတာက မဆန်းပါဘူး” လို့ ဘိုဝင်ကချီးကျူးခဲ့တာပါ။ 

ဆာလာဟာ ၂၀၁၇ ခုနှစ်က လီဗာပူးဆီ ပြောင်းရွှေ့လာပြီးနောက်ပိုင်း တစ်ရာသီကို ပရီးမီးယားလိဂ်သွင်းဂိုး ၁၁၁ ဂိုး သွင်းယူထားပါတယ်။

2 weeks Ago
More News
Up