ဆာရီ

July 10, 2019

နည်းပြဆာရီ ချဲလ်ဆီးနှင့် လမ်းခွဲခဲ့မှု အချိန်စောလွန်းသေးဟု ဇိုလာ ပြော

နည်းပြဆာရီအနေနဲ့ ချဲလ်ဆီးအသင်းနဲ့ လမ်းခွဲခဲ့တာဟာ အချိန်စောလွန်းသေးတယ်လို့ လက်ထောက်နည်းပြ ဇိုလာက ပြောလိုက်ပါတယ်။ နည်းပြဆာရီဟာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် ဂျူဗင်တပ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံပြီး အသင်းပြောင်းရွှေ့သွားခဲ့တာပါ။ ချဲလ်ဆီးကစားသမားဟောင်းတဦးဖြစ်တဲ့ ဇိုလာဟာ ဆာရီရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး အသင်းနဲ့ လမ်းခွဲခဲ့တာဟာ အချိန်မတန်သေးဘူးလို့ ဇိုလာက ပြောပါတယ်။ နည်းပြဆာရီရဲ့ အကောင်းဆုံးအချိန်ဟာ ဒုတိယရာသီမှာဖြစ်ပြီး အသင်းမှာ ဆက်ရှိမယ်ဆိုရင် နှစ်ဖက်စလုံးအတွက် ကောင်းမွန်မှာဖြစ်တာကြောင့် အသင်းနဲ့လမ်းခွဲချိန်ဟာ စောလွန်းနေသေးတယ်လို့ ဇိုလာက ပြောသွားခဲ့တာပါ။ ချဲလ်ဆီးအသင်းဟာ နည်းပြဆာရီနဲ့ လမ်းခွဲခဲ့ပြီးနောက် ကစားသမားဟောင်း တဦးဖြစ်သူ လမ်းပတ်ကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။
2 years Ago

June 22, 2019

ဂျုဗင်တပ်စ်နည်းပြသစ် ဆာရီကို နာပိုလီဥက္ကဋ္ဌ စကားနာထိုး

ချဲလ်ဆီးအသင်းကနေ ဂျုဗင်တပ်စ်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ နည်းပြဆာရီကိုတော့ အသင်းဟောင်း နာပိုလီ ဥက္ကဋ္ဌ အော်ရယ်လီယို ဒီလောရန်းတစ်စ်က စကားနာထိုး ပြောကြားသွားခဲ့ပါတယ်။ နာပိုလီအသင်းကို ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ၃ ရာသီကိုင်တွယ်ခဲ့ပေမယ့် ဆုဖလားတော့ ရယူပေးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါ့ကြောင့် နာပိုလီဥက္ကဋ္ဌ လောရန်းတစ်က ဆာရီဂျူဗင်တပ်စ်ကို ပြောင်းရွှေ့လာတာနဲ့ ပတ်သက်လို့ မအံ့သြကြောင်း၊ ပြီးတော့ သူဟာ ဒီမြေပေါ်မှာ ဘာအောင်မြင်မှုမှမရဖူးလို့ တူရင်မှာလည်း ဘာမှရနိုင်မှာ မဟုတ်လောက်ဘူးလို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ဆာရီဟာ စီးရီးဘီကလပ် အန်ပိုလီကိုနဲ့ နာပိုလီတို့မှာ နည်းပြခဲ့ဖူးတာကြောင့် အီတလီမြေနဲ့ မစိမ်းသူဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကိုတော့ ၂ နှစ်အကြာသာ ကိုင်တွယ်ခဲ့ပြီး ယူရိုပါလိဂ်ဖလား ရယူပေးနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းကလည်း နည်းပြအယ်လီဂရီနဲ့ လမ်းခွဲအပြီးမှာ အီတလီသားကြီး ဆာရီကိုပဲ နည်းပြတာဝန်ပေးအပ်ဖို့ ကြိုးပမ်းခဲ့ပြီး ရာသီအကုန်မှာတော့ ပေါင် ၇ သန်းလောက်နဲ့ တူရင်မြေကို အရခေါ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
2 years Ago
More News
Up