ဆန္ဒပြ ကျန်းမာရေးဝန်ထမ်းများ

June 17, 2020

ပဲရစ်မြို့တွင် ဆန္ဒပြကျန်းမာရေးဝန်ထမ်းများကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးဖြင့် လူစုခွဲ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဇွန် ၁၆ ရက်က ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို  အကြမ်းဖက်အုပ်စုတွေက ဝင်စီးပြီး ရဲတပ်ဖွဲ့ကို  တိုက်ခိုက်တယ်လို့  ပဲရစ်ရဲတပ်ဖွဲ့က ပြောပါတယ်။ ခဏအကြာမှာတော့ အဓိကရုဏ်းရဲတွေ စုဝေးပြီး ဆန္ဒပြလူအုပ်ကို မျက်ရည်ယိုဓာတ်ငွေ့သုံး  လူစုခွဲခဲ့ပါတယ်။ ရဲတပ်ဖွဲ့ တွစ်တာလူမှုကွန်ရက်မှာ တင်တဲ့ ဗွီဒီယိုထဲမှာ ဆန္ဒပြသူအများအပြားက ပက်လက်လန်နေတဲ့ ကားတစ်စီးကို လမ်းလယ်ကောင် တွန်းပို့နေတာကို တွေ့ရပါတယ်။ ပြင်သစ်နိုင်ငံမှာ အလုပ်ခွင်အခြေအနေ ဆိုးရွားတာ၊ လစာနည်းပါးတာနဲ့ လုပ်ငန်းခွင်မှာ   တကိုယ်ရေ လိုအပ်ပစ္စည်းတွေ မရှိတာကို ကျန်းမာရေးဝန်ထမ်းတွေက ဆန့်ကျင်တောင်းဆို ဆန္ဒပြနေတာပါ။ အလုပ်သမားသမဂ္ဂ ကျောထောက်နောက်ခံနဲ့ လုပ်နေတဲ့ ဆန္ဒပြပွဲတွေဟာ လချီ ကြာမြင့်ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဆန္ဒပြပွဲတွေကို ခေတ္တရပ်ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
11 months Ago
Up