ဆန္ဒပြလယ်သမား

January 30, 2021

အိန္ဒိယတွင် ဆန္ဒပြ လယ်သမားများနှင့် ရဲတပ်ဖွဲ့ ထောက်ခံသူများ ပဋိပက္ခဖြစ်

ဆန္ဒပြ အိန္ဒိယလယ်သမားတွေနဲ့ လယ်သမားဆန့်ကျင်သူ၊ ရဲတပ်ဖွဲ့ ထောက်ခံသူ လူတစုတို့ ဇန်နဝါရီ ၂၉ ရက်က ပဋိပက္ခဖြစ်ကြပါတယ်။

မြို့တော်နယူးဒေလီအနီးက ရန်ပွဲတစ်ခုကို အာဏာပိုင်တွေက မျက်ရည်ယိုဓာတ်ငွေ့နဲ့ နံပါတ်တုတ်တွေသုံးပြီး ဖြိုခွဲခဲ့ကြပါတယ်။

ဒေသခံရဲတွေနဲ့ နိုင်ငံရေးသမားတွေက လူတွေ သူတို့ကို ဆန့်ကျင်အောင် ပဋိပက္ခတွေကို ဖန်တီးလှုံ့ဆော်နေတယ်လို့ လယ်သမားခေါင်းဆောင်တွေက စွပ်စွဲကြပါတယ်။

ထောင်နဲ့ချီတဲ့ လယ်သမားတွေဟာ နယူးဒေလီဆင်ခြေဖုံးမှာ စခန်းချနေတဲ့ လယ်သမားတွေနဲ့ ပေါင်းစည်းဖို့ ညတွင်းချင်း ချီတက်လာခဲ့တာပါ။

ဆန္ဒပြလယ်သမားတွေက အစိုးရကို လယ်ယာလုပ်ငန်း ဥပဒေသစ် ၃ ခု ရုပ်သိမ်းစေလိုတာပါ။

အဲဒီဥပဒေသစ်တွေဟာ လယ်သမားတွေရဲ့ အလုပ်အကိုင်တွေကို ထိခိုက်စေပြီး လယ်ယာထွက်ကုန်ဝယ်ယူတဲ့ ကုန်သည်တွေကို အကျိုးများစေတယ်လို့  လယ်သမားတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက  ဝန်ကြိးချုပ် မိုဒီအစိုးရဟာ လယ်ယာစိုက်ပျိုးရေးဥပဒေသစ်ကို ပြဌာန်းခဲ့ပါတယ်။  အဲဒီနောက်မှာတော့  ဆန္ဒပြပွဲတွေ ဆက်တိုက်ပေါ် ပေါက်လာခဲ့ပြီး နယူးဒေလီမြို့အနီး နေရာတချို့မှာ  ထိုင်သပိတ်စခန်းတွေ ချပြိး ဆန္ဒပြပွဲတွေ လုပ်ခဲ့ပါတယ်။

4 months Ago
Up