ဆန္ဒပြပွဲများ

February 27, 2021

ရေးမြို့နယ် ဆန္ဒပြပွဲပြီးမှ ရဲအင်အားအလုံးအရင်းဖြင့် လာရောက်လူစုခွဲ

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ၁၉ ရက်မြောက်အဖြစ် ဒီနေ့မနက် ၉ နာရီက စတင်ပြီးတော့ ရပ်ကွက်နဲ့ကျေးရွာတွေက ဒေသခံအင်အား ၃၀၀၀ နဲ့အတူ ဌာနဆိုင်ရာဝန်ထမ်းအချို့ ပူးပေါင်းပါဝင်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြ လှည့်လည်ပွဲအပြီးမှာတော့ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်အင်အား ၄၀လောက် ရောက်ရှိလာပြီး လူစုခွဲခဲ့ပါတယ်။

သတင်း-ဝင်းနိုင်သက်၊ ဓာတ်ပုံ-အံ့မှူးမဟာ

3 months Ago

June 7, 2020

ဂျော့ဖလွိုက်အတွက် တရားမျှတမှုရရေး ဆန္ဒပြပွဲများ  အမေရိကန်တွင် ၁၂ ရက်တိုင် ရှိလာ

လူမည်းအမျိုးသား ဂျော့ဖလွိုက်ကို ရဲက ဖမ်းဆီးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေဟာ အမေရိကန်ပြည်ထောင်စုတဝှမ်းမှာ  ဇွန်လ ၆ ရက်အထိ ဆယ့်နှစ်ရက်မြောက် ရှိပြီ ဖြစ်ပါတယ်။ ပေါ့တ်လန်း၊ ဆန်ဒီယေဂို၊ ဖီးနစ်နဲ့ ဆီယက်တဲလ်တို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြချီတက်မှုတွေ ဖြစ်နေတာပါ။  မြို့တော် ဝါရှင်တန်ဒီစီမှာလည်း ရဲတပ်ဖွဲ့ကို ရန်ပုံငွေမပေးနဲ့ဆိုတဲ့ ကြွေးကြော်သံနဲ့ ဒေသခံ ရဲတပ်ဖွဲ့တွေကို အသုံးစရိတ်ဖြတ်တောက်ဖို့ ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ အခု ဆန္ဒပြပွဲတွေကတော့ အရင်အပတ်က ဆန္ဒပြပွဲတွေလို ရဲနဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်တာ၊ လုယက်မှု၊ မီးရှို့မှုတွေ ဖြစ်တာမျိုး မရှိတော့ပါဘူး။  ဒါဟာ ဆန္ဒပြပွဲစီစဉ်သူတွေကြား ဂျော့ဖလွိုက်သေဆုံးမှုကနေ လူထုအခွင့်အရေး လှုပ်ရှားမှု အသစ်ကို ဖော်ဆောင်ဖို့နဲ့ အမေရိကရဲ့တရားစီရင်ရေးစနစ်ကို ပြင်ဆင်ဖို့၊လှုပ်ရှားမှုကို အသစ်ပုံဖော်ဖို့ ဆုံးဖြတ်ထားကြတယ်လို့ သိရပါတယ်။
11 months Ago
More News
Up