ဆန္ဒပြ

May 7, 2021

ကျိုက်ထိုက ကျောင်းသားပြည်သူများ စစ်အာဏာရှင်ကိုဆန့်ကျင် ဆန္ဒပြ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့က ကျောင်းသားပြည်သူတွေဟာ  မေလ ၇ ရက် မနက်ပိုင်းမှာ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီကို ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ကျောင်းသားပြည်သူတွေကတော့ အကြမ်းဖက် စစ်ကောင်စီက ဖွင့်လှစ်တဲ့ကျောင်းတွေနဲ့ ထုတ်ပြန်လိုက်တဲ့ အမိန့်အာဏာတွေကို မလိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။

ကျိုက်ထိုက ကျောင်းသားပြည်သူတွေဟာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို နေ့စဉ် ပုံစံအမျိုးမျိုးနဲ့ ဆန့်ကျင်တော်လှန်နေကြတာဖြစ်ပါတယ်။

6 hours Ago

May 3, 2021

မန္တလေးတပ်ပေါင်းစုသပိတ် ဆက်လက်ဆန္ဒပြ

မန္တလေးတပ်ပေါင်းစုသပိတ် စစ်ကြောင်းဟာ  မေလ ၃ ရက်နေ့ မနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

Photo-Kaung Zaw Hein/ MPA

4 days Ago
More News
Up