ဆည်ကျိုးသည့်နေရာ

January 27, 2019

ဆည်ကျိုးသည့်နေရာသို့ ဘရာဇီးသမ္မတ သွားရောက်ကြည့်ရှု

ဘရာဇီးသမ္မတ ယိုင်းဘော့စိုးနာရိုဟာ မီနတ်စ်ယဲရိုက်စ် ပြည်နယ်အတွင်း ဘရူမာဒင်ဟို ဆည်ကျိုးတဲ့နေရာကို ဇန်နဝါရီ ၂၆ ရက်က ကိုယ်တိုင် သွားရောက်ကြည့်ရှုပါတယ်။ ဆည်ကျိုးလို့ ပေ ၅၀၀ ကျယ်တဲ့ ရေစီးကြောင်းတလျှောက် ဆိုးဆိုးရွားရွား ပျက်စီးခဲ့တာပါ။ လူ ၃၄ ယောက်ထက်မနည်း သေဆုံးပြီး ပျောက်ဆုံးနေတဲ့ ရာနဲ့ချီတဲ့ လူတွေကို ဆက်ရှာနေတယ်လို့ ဘရာဇီး မီးသတ်သမားတွေက စနေနေ့မှာ ပြောပါတယ်။ ရွှံ့တွေထဲမှာ နစ်မြုပ်သွားတဲ့ ဘတ်စ်ကားတစီး၊ ရထားတစီးနဲ့ သတ္ထုတွင်း ရုံးတွေ၊ အိမ်တွေထဲက ရှင်သန်ကျန်ရစ်သူတွေကို ရှာတွေ့ဖို့ မီးသတ်သမားတွေက အာရုံစိုက် မျှော်လင့် နေတာပါ။ ဆည်ကျိုးမှုကြောင့် ဖြစ်တဲ့ အပျက်အစီးတွေအတွက် လျော်ကြေးပေးဖို့ သတ္ထုတွင်းလုပ်ငန်း ဗိုင်းလီအဲ့စ်အေရဲ့ ဘဏ်စာရင်းတွေ အမေရိကန် ဒေါ်လာ ၁.၃၃ ဘီလျံဖိုး ငွေတွေကို ပြည်နယ်တရားသူကြီးက ရုံးမိန့်နဲ့ ပိတ်ထားပါတယ်။
2 years Ago
Up