ဆစ်ဒနီလေဆိပ်

October 22, 2015

ဆစ်ဒနီလေဆိပ် ဆင်းသည့် လေယာဉ်အနီး ထိတ်လန့်စရာ မိုးကြိုးလျှပ်စီးဖြတ် (ရုပ်သံ)

ကွမ်းတပ်စ်လေကြောင်းလိုင်းပိုင် လေယာဉ်တစီးဟာ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ လေဆိပ်ကို ဆင်းချိန်မှာ လေယာဉ်အနီး မိုးကြိုးလျှပ်စီး ဖြတ်သန်းသွားတာ မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုဖိုင်ကို အင်္ဂလန်နိုင်ငံအခြေစိုက် မက်ထရိုသတင်းမှာ အောက်တိုဘာ ၂၀ ရက်နေ့က ဖော်ပြပါတယ်။ လေယာဉ်ကို မိုးကြိုးလျှပ်စီး ဖြတ်စီးသွားတာကို ဗွီဒီယိုဖိုင်မှာ အသည်းယားစဖွယ် မြင်ရပေမယ့် တကယ်တမ်းမှာတော့ လေယာဉ်အနီး ၁ ကီလိုမီတာ အကွာကနေ ဖြတ်သွားတာကို ဒန်နီယယ်ရှောအမည်ရ အမျိုးသားတဦးက ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒန်နီယယ်ရှောက “ဒီအဖြစ်အပျက်က အရမ်းကြောက်စရာကောင်းပါတယ်။ ဒီအရပ်ဒေသမှာ မုန်တိုင်းဆဲလ်အစုတွေကနေ မိုးကြိုးလျှပ်စီးတွေ ထွက်လာလေ့ရှိပါတယ်။ ကျနော့်ကားအနီးဝန်းကျင်မှာ မိုးကြိုးထိမှန်ခဲ့ပါသေးတယ်” လို့ ပြောပါတယ်။ အဲဒီနေ့က ဆစ်ဒနီမြို့အနီးတ၀ိုက်မှာ မိုးကြိုးလျှပ်စီး ထိမှန်မှုကြောင့် လူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နောက်ဆက်တွဲ အခြေအနေတွေကိုတော့ မသိနိုင်သေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
6 years Ago
Up