ဆက်သွယ်ရေးလိုင်း

October 24, 2021

မြေအောက်ဆက်သွယ်ရေးလိုင်း လာပြုပြင်သည့် စစ်ကောင်စီတပ် ထပ်မံမိုင်းခွဲတိုက်ခိုက်ခံရ

မွန်ပြည်နယ် ရေးမြို့နယ် မြောက်ပိုင်း လိမ္မော်ခြံကျေးရွာနှင့် ဘုရားကုန်းကျေးရွာအကြား စစ်ကောင်စီရဲ့ မြေအောက် ဆက်သွယ်ရေး ကြိုးလိုင်းအား အောက်တိုဘာ  ၂၃ ရက်ညက မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ရေး PDF က ဒီနေ့  ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၄ ရက်နေ့ မနက် ၁၀ နာရီလောက်မှာလည်း ဆက်သွယ်ရေးလိုင်းအား လာရောက် ပြုပြင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၀ လောက်ကိုလည်း ရေးနဲ့ သံဖြူဇရပ် PDF တို့ ပူးပေါင်းပြီး အနီးကပ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က  ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး အတိအကျကိုတော့ အတည်မပြုနိုင်သေးဘဲ ပူးပေါင်းအဖွဲ့ကတော့ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့  ရေး PDF မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။

ရေး PDF က အောက်တိုဘာအတွင်း ရေးမြို့နယ် မြောက်ပိုင်းရှိ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးလိုင်းအား မိုင်းခွဲဖြတ်တောက်နိုင်ခဲ့တာ အခုအကြမ်အပါအဝင် ၄ ကြိမ် ရှိပြီလို့ ဆိုပါတယ္။

ရေး PDF က စစ်ကောင်စီရဲ့ သတင်းပေးတွေနဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေကို သုတ်သင်ရှင်းလင်းနေသလို ရဲစခန်းနဲ့  Mytel တာဝါတိုင်တို့ကိုလည်း ဖောက်ခွဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

1 month Ago

September 17, 2021

ရေးမြို့ PDF က စစ်ကောင်စီ ဆက်သွယ်ရေးလိုင်းတခုအား ဖြတ်တောက်ဖျက်ဆီး

မွန်ပြည်နယ် ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မှ စစ်ကောင်စီရဲ့ ဆက်သွယ်ရေး လိုင်းအား စက်တင်ဘာလ ၁၅ ရက်နေ့က ဖြတ်တောက်ဖျက်ဆီးခဲ့တယ်လို့ ရေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ရေးမြို့ PDF က အခုလို စစ်ကောင်စီရဲ့ ဆက်သွယ်ရေး ပိုက်လိုင်းတခုကို ပြီးခဲ့တဲ့ ရက်တွေကလည်း တစ်ကြိမ် ဖျက်ဆီးထားခဲ့သလို အခု ထပ်မံပြီး စစ်ကောင်စီရဲ့ စစ်ဘက်သုံး ဆက်သွယ်ရေးလိုင်းတခုကို တစ်စိမ်ဒေသတခုအနေနဲ့ ဖြတ်တောက်ခဲ့တာလို့ စက်တင်ဘာ ၁၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားသုံးပြီး မြို့တွင်းနေရာအနှံ့ လှည်ကင်း ဝပ်ကင်း စတာတွေ လုပ်ဆောင်လာခဲ့သလို PDF တွေ ခိုအောင်းတဲ့နေရာတွေကို လိုက်လံရှာဖွေနေပေမဲ့ PDF နဲ့ ထိပ်တိုက်တွေ့ဆုံတာ ဒီနေ့အထိ မရှိသေးပါဘူးလို့ ဆိုပါတယ်။

ရေးမြို့ PDF ကတော့ မြို့တွင်း ပြောက်ကျားတိုက်ခိုက်ရေးကိုသာ ကျင့်သုံးပြီး ရဲစခန်းတွေကိုပါ ဗုံးခွဲတိုက်ခိုက်ထားခဲ့သလို  ရဲတပ်သား ၁ ဦးကို သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

2 months Ago
Up