ဆက်ကစား

July 6, 2020

အသက် ၄၃ နှစ်အထိ ဘောလုံးဆက်ကစားမည်ဟု ဂျူဗင်တပ်ဂိုးသမားကြီး ဘတ်ဖွန် ပြော

အနည်းဆုံးအသက် ၄၃ နှစ်အထိ ဘောလုံးဆက်ကစားသွားမယ်လို့ ဂျူဗင်တပ်ဂိုးသမားကြီး ဘတ်ဖွန်က ပြောလိုက်ပါတယ်။  အသက် ၄၂ နှစ်ရှိ အီတလီဂိုးသမားဘက်ဖွန်ဟာ ဂျူဗင်တပ်အသင်းနဲ့ တစ်နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပြီး လာမယ့်ရာသီအထိ ဆက်ရှိနေတာ့မှာဖြစ်ပါတယ်။  တိုရီနိုကို အနိုင်ရခဲ့ပွဲစဉ်မှာ ပွဲထွက်ကစားခဲ့ပြီး  အေစီမီလန်နောက်ခံလူဟောင်း  ပေါ်လိုမာဒီနီ ရဲ့  စီးရီးအေပွဲ အများဆုံးစံချိန်ကို ၆၄၈ ပွဲ ကစားပြီး ကျော်ဖြတ်နိုင်ခဲ့ပါတယ်။  အီတလီစီးရီးအေ ပွဲအများဆုံးကစားသမားတဦးဖြစ်စေမယ့် မှတ်တမ်းအတွက် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရပေမယ့်  ပြဿနာတခုတော့ မဟုတ်ကြောင်း ဘတ်ဖွန်က ပြောပါတယ်။  အနည်းဆုံးအသက် ၄၃ နှစ်အထိ ကစားမှာဖြစ်ပြီး ဘောလုံးပွဲစဉ်တွေ ကစားနေရတာ ထက်ပ ပျော်ရွှင်တဲ့အရာမရှိဘူးလို့ ဘတ်ဖွန်ကပြောပါတယ်။  ဘက်ဖွန်ဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအသင်းမှာ တရာသီကြာ ပြောင်းရွှေ့ကစားခဲ့ပြီး အခုနှစ်ရာသီအစမှာ ဂျူဗင်တပ်အသင်းက ပြန်လည်ခေါ် ယူခဲ့တာပါ။ အသက် ၄၂ နှစ်ရှိ ဘတ်ဖွန်ဟာ အခုနှစ်ရာသီမှာ ပြိုင်ပွဲစုံ ၁၄ ပွဲ ကစားပေးထားပါတယ်။
10 months Ago

April 27, 2020

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးအောင်ကစားရန် ဝုဗ်တိုက်စစ်မှူး ဂျိုတာ တိုက်တွန်း

တခြားလိဂ်တွေဘယ်လိုဖြစ်နေနေ ပရီးမီးယားလိဂ်ကို ပြီးဆုံးအောင် ဆက်ကစားဖို့ ဝုဗ်တိုက်စစ်မှူး ဒီယေဂိုဂျိုတာက တိုက်တွန်းလိုက်ပါတယ်။ ဥရောပလိဂ်ပြိုင်ပွဲတွေထဲမှာ ဟော်လန်လိဂ်မှာ အခုနှစ်ရာသီကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပြီး ဘယ်လ်ဂျီယံလိဂ်ဟာလည်း ဖျက်သိမ်းဖို့ ရှိနေတာပါ။  တခြားလိဂ်တွေ ဖျက်သိမ်းပေမယ့်လည်း ပရီးမီးယားလိဂ်ကတော့ ဆက်ပြီးကျင်းပဖို့ ယုံကြည် တယ်လို့ ဝုဗ်တိုက်စစ်မှူး ဂျိုတာက ပြောပါတယ်။ နိုင်ငံတိုင်းက သူ့ပြဿနာနဲ့သူ ရှိကြပြီး ကိုယ့်နည်း ကိုယ့်ဟန်နဲ့ အဆင်ပြေအောင် ဖြေ ရှင်းရမယ်လို့လည်း ဒီယေဂိုဂျိုတာက ပြောပါတယ်။  ပရီးမီးယားလိဂ်က နိုင်ငံအများစုမှာ စောင့်ကြည့်နေကြတဲ့ လိဂ်ဖြစ်တာကြောင့် ပြိုင်ပွဲပြီးဆုံးအောင် ဆက်ကစားသင့်ကြောင်းလည်း ဂျိုတာကပြောပါတယ်။  ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ပွဲစဉ် ၂၉ အထိ ရောက်ရှိနေပြီး ၉ ပွဲ ဆက်လက်ကစားဖို့ ကျန်ရှိနေသေးတာဖြစ်ပါတယ်။ 
1 year Ago
Up