စ်ရေးလှုပ်ရှားမှု ၅ လ ရပ်စဲ

September 28, 2021

နိုင်ငံတဝန်းထိုးစစ်ဆင်ပစ်ခတ်သတ်ဖြတ်နေသည့် စစ်တပ်က စစ်ရေးလှုပ်ရှားမှု ၅ လ ရပ်စဲဟု ကြေညာ

နိုင်ငံတဝန်းထိုးစစ်ဆင်နေပြီး ပြည်သူလူထုကိုလိုက်လံဖမ်းဆီးပစ်ခတ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်က     စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေ အောက်တိုဘာ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၅ လကြာ ထပ်မံတိုးမြှင့်  ရပ်စဲလိုက်ကြောင်း စက်တင်ဘာ ၂၇ ရက် မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း‌တွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် လည်းကောင်း၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက်လည်း  ရည်ရွယ်ပြီး ထပ်မံတိုးမြှင့်လိုက်တာလို့ ကြေညာချက်မှာဖော်ပြထားပါတယ်။

စစ်တပ်အနေနဲ့ စစ်ရေးလှုပ်ရှားမှုများရပ်စဲကြောင်း ကြေညာချက်တွေကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ စက်တင်ဘာ ၂၇ ရက်အထိ အကြိမ်  ၂၀  ထုတ်ပြန်ခဲ့ပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။

စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းကြောင်း စစ်တပ်က အကြိမ်ကြိမ်ထုတ်ပြန်နေပေမဲ့ တဖက်မှာလည်း တိုက်ပွဲတွေက ရပ်စဲသွားခြင်းမရှိဘဲ တိုင်းရင်းသားဒေသတွေမှာရော ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာပါ စစ်တပ်က ပြည်သူလူထုကို နေ့စဉ် ဖမ်ဆီးနှိပ်စက် ပစ်ခတ် သတ်ဖြတ်မှုတွေ ကျူးလွန်နေတာဖြစ်ပါတယ်။  

Photo-UKSY

2 months Ago
Up