စောင့်ကြည့်

August 23, 2020

မက်ဆီကိုခေါ်ယူရန် ပီအက်စ်ဂျီ၊ ဂျူဗင်တပ်နှင့် အင်တာမီလန်တို့ စောင့်ကြည့်နေ

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီရဲ့ အနာဂတ် မရေမရာဖြစ်နေတဲ့အပေါ်မှာ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်နဲ့ အင်တာမီလန်အသင်းတွေက စောင့်ကြည့်နေတယ်လို့ သိရပါတယ်။  မက်ဆီဟာ နည်းပြသစ် ရော်နယ်ကိုးလ်မန်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပြီး အသင်းဘက်ကလည်း သတင်းထုတ်ပြန်မှု မရှိသေးတာကြောင့် သုံးသပ်ချက်တွေ အမျိုးမျိုးထွက်ပေါ်လာခဲ့တာပါ။  မက်ဆီဟာ အသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့ပြီး သက်တမ်းတိုးမယ့်ကိစ္စ အဆင်မပြေ ဖြစ်နေတယ်လို့ ဆိုပါတယ်။  ၂၀၁၅ နောက်ပိုင်း ဥရောပအောင်မြင်မှု မရတော့တာကြောင့် အသင်းအပေါ်စိတ်ပျက်နေပြီး အသင်းပြောင်းရွှေ့မယ့် အလားအလာရှိနိုင်တယ်လို့ မီဒီယာတွေက ဖော်ပြနေကြတာပါ။  မက်ဆီကို ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်အသင်းတွေက ခေါ်ယူဖို့အဆင်သင့်ဖြစ်နေပြီး အင်တာမီလန်နဲ့လည်း သတင်းထွက်ပေါ်နေပါတယ်။  ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးလ်မန်းကတော့ မက်ဆီရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အသင်းမှာ ဆက်ရှိမယ်လို့ ကံသေကံမ မပြောသေးပေမယ့် ကမ္ဘာ့အကောင်းဆုံး ကစားသမား မက်ဆီကို နည်းပြတိုင်းက အလိုရှိကြတယ်လို့ ပြောကြားထားပါတယ်။ 
9 months Ago

July 2, 2020

အစ္စရေးထောက်လမ်းရေးက ကိုဗစ်-၁၉ လူနာများ၏ လက်ကိုင်ဖုန်းများကို စောင့်ကြည့်မည်

ကိုဗစ်-၁၉ လူနာသစ်တွေ ပြန်တိုးလာနေလို့ ကူးစက်ခံလူနာတွေရဲ့ လက်ကိုင်ဖုန်းကို လာမယ့် သီတင်းပတ် ၃ ပတ်ထိ ခြေရာခံစောင့်ကြည့်ဖို့ အစ္စရေးပြည်တွင်းထောက်လှမ်းရေးဌာနကို လွှတ်တော်က ခွင့်ပြုလိုက်ပါတယ်။ အစ္စရေးမှာ ကိုဗစ်-၁၉ ကူးစက်ခံလူနာသစ်တွေ ပထမဆုံး စတိုးလာချိန်တည်းက ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုအစိုးရက လွှတ်တော်မှာ အသာစီးရပြီး ဒီအစီအစဉ်ကို မတ်လတည်းက အတည်ပြုခဲ့တာပါ။ ကူးစက်ခံလူနာတွေကို လက်ကိုင်ဖုန်းကနေတဆင့် ခြေရာကောက်ဖို့ ရှင်းဘတ် စောင့်ကြည့်ရေးနည်းပညာကို အသုံးပြုမှာဖြစ်ပါတယ်။ ဥပဒေအသစ်အရ ရှင်းဘတ်အဖွဲ့ကို လက်ကိုင်ဖုန်း တည်နေရာ သတင်းအချက်နဲ့ ပတ်သက်ပြီး ၁၄ ရက် စောင့်ကြည့်ခွင့် ပေးထားပါတယ်။ ဒီကနေရတဲ့ သတင်းအချက်အလက်တွေကို သူတို့နဲ့ ထိတွေ့ခဲ့တဲ့ လူတွေကို ဖော်ထုတ်ရာမှာ သုံးမှာဖြစ်ပြီး ဒါဟာ ကူးစက်မှုအသစ်တွေကို ဖော်ထုတ်ရာမှာ အရေးပါတယ်လို့ ဆိုပါတယ်။ ရှင်းဘတ်အဖွဲ့အနေနဲ့   စောင့်ကြည့်မှုအချက်အလက်တွေကို လွှတ်တော်ရဲ့နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးကော်မတီဆီမှာ အပတ်စဉ်အစီရင်ခံရမှာပါ။ ဒါဟာအရေးပေါ် လုပ်ဆောင်ချက် ဖြစ်ပေမယ့် ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့် စောင့်ကြည့်ရေး အုပ်စုတွေက ဒီအစီအစဉ်ကို ကန့်ကွက်ဝေဖန်နေကြပါတယ်။ တကိုယ်ရေလွတ်လပ်ခွင့်ကို အန္တရာယ်ဖြစ်စေမှာ စိုးရိမ်လို့ အစ္စရေးအစိုးရအနေနဲ့ လုံခြုံရေး အစီအစဉ်ကို ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။ အစ္စရေးဟာ မတ်လနဲ့ ဧပြီလမှာ လူတွေရဲ့ အသွားအလာကို လုံးဝနီးပါး ကန့်သတ်ချက် အောက်မှာ ထိန်းချုပ် ထားခဲ့ပေမယ့် ကူးစက်မှုအသစ်တွေ တိုးလာတာကို မြင်အပြီးမှာ ကန့်သတ်ချက် တချို့ကို ပြန်အသက်သွင်း ချမှတ်ခဲ့ပါတယ်။  ဒါပေမယ့် ပြည်လုံးကျွတ် Lockdown အစီအစဉ်တော့ မလုပ်တော့ပါဘူး။ နိုင်ငံအတွင်းမှာ ကာလကြာရှည် အသွားအလာကန့်သတ်ချက်တွေချမှတ် ခဲ့တာကြောင့်  စီးပွားရေးထိခိုက်မှုတွေ တိုးလာတယ်လို့  ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။
11 months Ago
More News
Up