စေတုတ္တရာမြို့

June 27, 2020

စေတုတ္တရာမြို့အနီးတွင် အင်အား ၄ ဒသမ ၄ အဆင့်ရှိ မြေငလျင်လှုပ်

မကွေးတိုင်း စေတုတ္တရာမြို့အနီးမှာ မနေ့ညက အင်အား ၄ ဒသမ ၄ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဇွန် ၂၆ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၂ နာရီ၊ ၃၅ မိနစ်၊ ၄၅ စက္ကန့်အချိန်မှာ ညောင်ဦးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၅၆ မိုင် ခန့်ကွာဝေးတဲ့ စေတုတ္တရာမြို့ရဲ့ မြောက်-အနောက်မြောက်ဘက် ၂၃ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၀.၇၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၁၇ ဒီဂရီ၊ အနက် ၄၇ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
1 year Ago

March 1, 2020

စေတုတ္တရာမြို့တွင် မြေငလျင်လှုပ်ခတ်

မကွေးတိုင်း စေတုတ္တရာမြို့ရဲ့ အနောက်တောင်ဘက်မှာ မနေ့ညက မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၀ နာရီ၊ ၁၃ မိနစ်၊ ၂၂ စက္ကန့် အချိန်မှာ စစ်တွေမြေငလျင်စခန်းကနေ အရှေ့-အရှေ့မြောက်ဘက် ၇၅ မိုင် ခန့်ကွာဝေးသော၊ စေတုတ္တရာမြို့ရဲ့အနောက်တောင်ဘက် ၁၇ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၀.၃၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၀၃ ဒီဂရီ၊ အနက် ၂၉ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
1 year Ago
Up