စီးရီးအေ

June 13, 2019

မန်ယူတိုက်စစ်မှူး လူကာကူ အီတလီ စီးရီးအေပြိုင်ပွဲကို ချီးကျူး

အီတလီ စီးရီအေပြိုင်ပွဲတွေဟာ စိတ်လှုပ်ရှားစရာလိဂ် ဖြစ်လာပြီလို့ မန်ယူတိုက်စစ်မှူး လူကာကူက ပြောကြားလိုက်ပါတယ်။ လူကာကူဟာ အီတလီကလပ် အင်တာမီလန်အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်လာချိန်မှာ အီတလီလိဂ်နဲ့ပတ်သက်ပြီး ချီးကျူးပြောကြားလိုက်တာပါ။ အီတလီနဲ့ အင်္ဂလန်မှာ ကစားခွင့်ရဖို့က သူ့ရဲ့အိပ်မက်တွေဖြစ်ပြီး လက်ရှိအချိန်မှာတော့ အီတလီလိဂ်ကလည်း စိတ်လှုပ်ရှားစရာ ကောင်းလာပြီလို့ လူကာကူက ပြောကြားခဲ့တာပါ။ အင်တာမီလန်အသင်းနဲ့ ပတ်သက်ပြီး ပြောကြားရာမှာတော့ ကွန်တီလို ကမ္ဘာ့အကောင်းဆုံး နည်းပြတဦး ရောက်လာတာဟာ အင်တာမီလန်အသင်းအတွက် ကောင်းမွန်တယ်လို့လည်း လူကာကူက ဆိုပါတယ်။ ဒါ့အပြင် နာပိုလီအသင်းမှာ ကားလို့စ်အန်စလော့တီ ရှိနေသလို ဂျူဗင်တပ်အသင်းမှာလည်း ချဲလ်ဆီးနည်းပြ ဆာရီ လာရောက်ဖို့ရှိတာကြောင့် အီတလီလိဂ်က စိတ်လှုပ်ရှားစရာ ဖြစ်လာပြီလို့ လူကာကူက ပြောကြားခဲ့တာပါ။ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ကျန်သေးပေမယ့် ပြီးခဲ့တဲ့ရာသီက ပုံမှန်နေရာ မရခဲ့တဲ့အတွက် ခက်ခဲတဲ့ ဘောလုံးရာသီတခု ရင်ဆိုင်ခဲ့ရပြီး အသင်းပြောင်းရွှေ့ဖြစ်မလား ဆိုတာကတော့ သူ့ရဲ့အေးဂျင့်ဖြစ်သူက ဆောက်ရွက်မှာဖြစ်တယ်လို့ လူကာကူက ပြောပါတယ်။
2 years Ago

May 3, 2016

ဂျီနိုအာ ၂ - ၃ ရိုးမား (ရုပ်သံဟိုက်လိုက်)

အီတလီစီးရီးအေ ၃၆ ပွဲစဉ်မှာ ရိုးမားအသင်းက ဂျီနိုအာအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ မေလ ၂ ရက်ညက ယှဉ်ပြိုင်တဲ့ ဒီပွဲ ပထမပိုင်း ၆ မိနစ်မှာ ရိုးမားအသင်းက အဖွင့်ဂိုး စသွင်းခဲ့ပေမယ့် ၃၁ မိနစ်မှာ ဂျီနိုအာအသင်းက ချေပသွားတဲ့အတွက် ပထမပိုင်းမှာ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ ဒုတိယပိုင်း ၆၅ မိနစ်မှာတော့ ဂျီနိုအာက ဒုတိယဂိုးသွင်းယူပြီး ပွဲကို ဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၇၇ မိနစ်နဲ့ ၈၇ မိနစ်မှာ ရိုးမားက ၂ ဂိုး ဆက်တိုက်သွင်းယူပြီး အနိုင်ရရှိသွားပါတယ်။ ဒီပွဲမှာ ရိုးမားအသင်း ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးပေါက်ကန်သွင်းခွင့် အသာစီး ရယူနိုင်ခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့အတွက် ရိုးမားအသင်းဟာ ၃၆ ပွဲကစား ၇၄ မှတ်နဲ့ အမှတ်ပေးဇယား တတိယနေရာမှာ ရပ်တည်နေပြီး ဂျီနိုအာက ရမှတ် ၄၃ မှတ်နဲ့ အဆင့် ၁၂ မှာ ရပ်တည်နေပါတယ်။
5 years Ago
More News
Up