စီးပွားရေးဘဏ်

October 23, 2021

တောင်တွင်းကြီး စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် အစောင့်စစ်သားများကို လာဘ်ငွေ ပေးရ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့က မြန်မာ့စီးပွားရေးဘဏ်မှာ ပင်စင်စားဝန်ထမ်းတွေ ပင်စင်လစာထုတ်ယူရာမှာ အစောင့်စစ်သားတွေကို လာဘ်ငွေပေးနေရတယ်လို့ သိရပါတယ်။

ပင်စင်စားတဦးက “ပင်စစ်ထုတ်ဖို့ မနက်အစောကြီးထသွားပြီး တုံကင်ထပ်ရတယ်။ တုံကင်ကို စောစောထပ်ချင်ရင် အစောင့်စစ်သားကို ၂၀၀၀၊ ၃၀၀၀ ပေးရတယ်။ မပေးရင် နောက်ကျမှထပ်ရတယ်။ လူပြည့်သွားရင် နောက်ရက်ထပ်ချိန်းတယ်။ အဘတို့က အသက်လည်းကြီးပြီ။ ရွာကနေ ဆိုင်ကယ်ကယ်ရီငှါးပြီး ပင်စင်လာထုတ်ရဆိုတော့ နောက်ရက်ပြန်မလာနိုင်ဘူးဆိုတော့လည်း စောစောထုတ်ရဖို့ ငွေပေးခဲ့ရတာပဲ။ ပင်စင်ကလည်း သောင်းဂဏန်းပဲရတာလေ” လို့ ပြောပါတယ်။

တောင်တွင်းကြီး စီးပွားရေးဘဏ်ကနေ ပင်စင်စားတွေကို လစဉ် ၂၁ ရက်နေ့မှ ဇူလိုင် ၂၇ ရက်နေ့အထိ ပင်စင်လစာထုတ်ပေးပြီး တနေ့ကို ပင်စင်စား ၅၀၀  ကျော်ထုတ်ပေးကြောင်း သိရပါတယ်။

မြို့ပေါ်နေ ပင်စင်စားစစ်မှုထမ်းဟောင်းတဦးက “မြို့မှာက မာရှယ်လောကြောင့် မနက် ၆ နာရီ ပင်စင်ထုတ်ဖို့ တုံကင်သွားထပ်တော့ တုံကင်နံပါတ် ၆၀၀ ကျော် ရှိနေပြီ တမနက်လုံးစောင့်နေရတာပေါ့။ နေမြင့်မှရောက်လာသူတွေက စစ်သားကို ပိုက်ဆံပေးပြီး တုံကင်ထပ်ခိုင်းတော့ စောင့်စရာမလိုဘူး။ ကျနော့်ထက်တောင် စောပြီးထုတ်သွားတယ်။ အခု စစ်သားလုပ်နေတဲ့ကောင်တွေက စစ်ပင်စင်စားတွေကို လေးစားရမှန်း၊ ရိုသေရမှန်းလည်း မသိကြပါဘူး” လို့ ပြောပါတယ်။

အဆိုပါဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ သိရှိနိုင်ဖို့ တောင်တွင်းကြီးမြို့၊ မြန်မာ့စီးပွားရေးဘဏ်ကို ဖုန်းဆက်မေးမြန်းခဲ့ပေမယ့်လည်း “အဲ့ဒီကိစ္စ သူမသိဘူး” လို့ ပြန်လည်ဖြေကြားပါတယ်။

တောင်တွင်းကြီးမြို့၊ မြန်မာ့စီးပွားရေးဘဏ်ကို ပြီးခဲ့တဲ့ မေ ၂၃ ရက်နေ့မှာ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အစောင့်စစ်သားအချို့ ဒဏ်ရာရရှိခဲ့ကာ နားနေဆောင်အဆောက်အဦ အနည်းငယ်ထိခိုက်ပျက်စီးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

3 months Ago

April 1, 2021

ကော့ကရိတ် စီးပွားရေးဘဏ် ပစ်ခတ်ခံရ၊ အကြမ်းဖက်စစ်တပ်က ၃ ဦး ဒဏ်ရာရ

ကရင်ပြည်နယ် ကော့ကရိတ်မြို့က စီးပွားရေးဘဏ်ကို မတ် ၃၁ ရက် ည ၇ နာရီခွဲလောက်က အမည်မသိ သေနတ်သမားအုပ်စုက လက်ပစ်ဗုံးအပါအဝင် စက်သေနတ်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် လုံခြုံရေးယူနေတဲ့ အကြမ်းဖက်စစ်တပ်က ဗိုလ်ကြီး အဆင့်ရှိသူ ၁ ဦးအပါအဝင် ၃ ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ 

ဒဏ်ရာရရှိခဲ့သူ ဗိုလ်ကြီးမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေနေမှာရှိနေပြီး ကျန်ရဲ ၂ ယောက်ကတော့ ဒဏ်ရာအနည်းငယ်ရရှိခဲ့တာပါ။

အခုပစ်ခတ်မှုက ဘယ်အဖွဲ့အစည်းဖြစ်တယ်ဆိုတာကို အကြမ်းဖက်စစ်အုပ်စုဘက်က စုံစမ်းနေပြီး ကော့ကရိတ်မြို့မှာအခြေချနေတဲ့ အာဏာသိမ်းစစ်အုပ်စုက လက်နက်ကြီးတွေနဲ့ မြို့ပြင်က ကရင်ရွာတွေကို ပစ်ခတ်နေပါတယ်။

10 months Ago
Up