စီးပွားရေး

January 29, 2021

ကာကွယ်ဆေးထိုးပြီးပါက စီးပွားရေး ပြန်လည်ဦးမော့လာအောင် လုပ်မည်ဟု ဒေါက်တာဇော်မြင့်မောင် ပြော

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေပြီးစီးပါက ရောဂါကူးစက်နှုန်း အပေါ်မူတည်ကာ stay at home မြို့နယ်တွေကို ပယ်ဖျက်ပေးမှာဖြစ်ပြီး  နိုင်ငံရဲ့ စီးပွားရေးကို ပြန်ကောင်းအောင်လုပ်မယ်လို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က "ကျနော်တို့က ကာကွယ်ဆေးထိုးပြီးတာနဲ့ တပြိုင်နက် transmission rate ဘယ်လောက်ရှိလဲဆိုတာကို ကျနော်တို့ စဉ်းစားမှာ၊ စဉ်းစားပြီး လို့ရှိရင် ကျနော်တို့က ဘာလဲဆိုလို့ရှိရင် stay at homeမြို့နယ် တချို့ကို ပယ်သင့်တာ ပယ်ရမယ်။ ပြီးရင်တော့ စီးပွားရေးပြန်ဦးမော့လာအောင် ကျနော်တို့ အဲ့ဒါစဉ်းစားမှာ၊ မဟုတ်ဘူးလား။ အဲ့တော့ ပို့ဆောင်ဆက်သွယ်ရေးဆိုတာ ခုလည်း ကုန်စည်စီးဆင်းမှု ချောအောင်လုပ်နေတယ်။ ဒါပေမဲ့ ခရီးသွားတွေ လွတ်လွတ်လပ်လပ် သွားဖို့ဆိုရင် ကာကွယ်ဆေးလက်မှတ်တွေ ပါရမယ်။ ကူးစက်မှု transmission rate တွေ ကျပြီ ဆိုလို့ရှိရင်တော့ စီးပွားရေးပြန်လည် ဦးမော့လာအောင် လုပ်ရုံပဲ ရှိတာပေါ့၊"လို့ ပြောပါတယ်။

ကာကွယ်ဆေးထိုးပြီးပါက  တားမြစ်ထားတဲ့ ခရီးသွားလာမှုတွေကိုလည်း ပြန်လည်လည်ပတ် သွားလာနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းအတွင်း ကုန်စည် စီးဆင်းမှုအတွက် ဝင်ထွက်သွားလာနေတဲ့ ကုန်တင်ယာဉ်တွေနဲ့ သာမန် အိမ်စီးကားတွေက လွဲရင် ကျန်တဲ့ တိုင်းတဲ့ပြည်နယ်တွေကနေ ဖြတ်သန်းသွားလာမယ့် ခရီးသွားလာရေး ယာဉ်အားလုံးကို ဝင်ထွက်သွားလာခွင့်ကို ဧပြီလက တည်းက ပိတ်ပင်ထားတာလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် ကူးစက်မှုကို ဟန့်တားဖို့အတွက် ဈေးကြီးတွေနဲ့ ဈေးဆိုင်တွေကို ယာယီပိတ်ပင်တာတွေ၊ ဟိုတယ်နဲ့ တည်းခိုစရာတွေကို ယာယီပိတ်ပင်တာ၊ ခရီးသွားလာခွင့်တွေ တားမြစ်တာ၊လူစုလူဝေးနဲ့ကျင်းပမယ့် အခမ်းအနားတွေကို တားမြစ်တာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်း ဇန်နဝါရီ ၂၇ ရက် အထိ တစ်နှစ်နီးပါးကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၆၉၂၃ ယောက်ရှိပြီး  ၄၄၁ ယောက် အသက်ဆုံးရှုံးခဲ့ရပြီ ဖြစ်ပါတယ်။

သတင်း - ထိန်ထိန်လင်း

3 months Ago

December 15, 2020

စီးပွားရေး တိုးတက်ရန် အိုဟောင်းနေသည့်လေကြောင်းလိုင်းလုပ်ငန်းများ ပြင်ဆင်

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း အဲရ်ကနေဒါ လေကြောင်းလိုင်းကနေ တရုတ်ရဲ့ CDB လေကြောင်းလိုင်းအထိ လေကြောင်းလိုင်းလုပ်ငန်းတွေဟာ သူတို့ရဲ့ ပိုအိုဟောင်းနေတဲ့ ခရီးသည်တင်လေယာဉ်တွေကို ကုန်တင်လေယာဉ်ဖြစ်အောင် အသွင်ပြောင်းရင်း အီလက်ထရောနစ် စီးပွားရေး တိုးတက်လာဖို့ ပြင်ဆင်နေကြပါတယ်။ ဒါကြောင့် ခရီးသည်တင်လေယာဉ်ကို ကုန်တင်လေယာဉ် ဖြစ်အောင် အသွင်ပြောင်းတဲ့ စင်ကာပူနည်းပညာ အင်ဂျင်နီယားရင်း (ST)၊ အစ္စရေး အဲရိုစပေ့လုပ်ငန်း (IAI) နဲ့ အမေရိကန် အခြေစိုက် အဲရိုနောတစ်ကယ် အင်ဂျင်နီယာလုပ်ငန်းကြီးတွေ အပါအဝင် ကုမ္ပဏီတွေအတွက် အခွင့်အရေးကြီး ဖြစ်လာတာပါ။ ကုမ္ပဏီကတော့ လုပ်နိုင်စွမ်းကို တိုးချဲ့နေပြီး လာမယ့်နှစ်ကစလို့ 18 A321 အမျိုးအစား လေယာဉ်တွေကိုပါ တနှစ်ကို အစီး ၃၀ လောက်ထိ အသွင်ပြောင်းဖို့ စီစဉ်နေပါတယ်။ IAI ကတော့ ဘိုးရင်း 767 လေယာဉ်တွေ တနှစ်ကို စီးရေး ၁၈ စီးထက်ပိုပြီး ခရီးသည်တင် လေယာဉ်အဖြစ်ကနေ ကုန်တင်လေယာဉ် ဖြစ်အောင် ပြောင်းနိုင်ပါတယ်။ လေယာဉ်အများစုကို အမေဇုံကုမ္ပဏီက သုံးမယ်လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။ စက်တင်ဘာလထိ ကုန်တင်လေယာဉ် ထုတ်လုပ်နှုန်း ၄၀ ရာခိုင်နှုန်း တက်လာခဲ့ပြီး လာမယ့် နှစ် ၂၀ အတွင်း ကုန်တင်လေယာဉ်သုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းက ၆၀ ရာခိုင်နှုန်းကျော် ပိုတိုးလာမယ်လို့ ဘိုးရင်းလေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းက ဟောကိန်းထုတ် ပြောပါတယ်။
5 months Ago
More News
Up