စီးပွားရေးလုပ်ငန်းရှင်

January 7, 2019

အိန္ဒိယလုပ်ငန်းရှင်ကြီး မယ်လီယာကို စီးပွားရေး ရာဇဝတ်မှုကျူးလွန်သူ ဝရမ်းပြေးအဖြစ် ကြေညာ

အိန္ဒိယနိုင်ငံ မဟာရတ်ရှ်တျာပြည်နယ်ရှိ တရားရုံးက ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေတွေအရ ယစ်မျိုးနဲ့ လေကြောင်းလုပ်ငန်းရှင်ကြီး ဗီဂျေး မယ်လီယာကို စီးပွားရေး ရာဇဝတ်မှု ကျူးလွန်သူ ဝရမ်းပြေးအဖြစ် ဇန်နဝါရီ ၅ ရက်မှာ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို အစိုးရက သိမ်းဖို့ လမ်းကြောင်းဖော်လိုက်တာလို့ ရိုက်တာ သတင်းဌာနရဲ့ မိတ်ဖက် ANI သတင်းဌာနက အစီရင်ခံပါတယ်။ အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၃သန်း တန်ဖိုးအထက် စီးပွားရေး ရာဇဝတ်မှုတွေကို ကျူးလွန်တဲ့၊ အင်မတန်ချမ်းသာတဲ့ ဝရမ်းပြေးတွေဆီကနေ ပိုင်ဆိုင်မှုတွေကို သိမ်းယူနိုင်မယ့် ဥပဒေမူကြမ်းတခုကို အိန္ဒိယအစိုးရက လတ်တလောမှာ အတည်ပြုပြီးပါပြီ။ ဘဏ္ဍာရေးရာဇဝတ်မှု တိုက်ဖျက်ရေးအဖွဲ့ ညွှန်ကြားမှု ဦးစီးဌာနက မယ်လီယာကို ဝရမ်းပြေး ကြေညာပြီး ရူပီးငွေ ၁၂၅ ဘီလျံတန်တဲ့ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းမယ်လို့လည်း ကြေညာပါတယ်။ အသက် ၆၂ နှစ်အရွယ် စီးပွားရေးသမား မယ်လီယာကို ဗြိတိန်ကနေ အိန္ဒိယဆီ ရာဇဝတ်သား လွှဲပြောင်းရေး မူအရ လွှဲယူဖို့လည်း အိန္ဒိယအစိုးရက ကြိုးစားနေပါတယ်။ သူ့ရဲ့ ကင်းဖစ်ရှာ လေကြောင်းလိုင်းက အိန္ဒိယဘဏ်တွေဆီကနေ ချေးယူထားတဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံအတွက် လိမ်လည်မှု စွဲချက်တွေနဲ့လည်း တရားစီရင်ဖို့ ပြင်ဆင်ထားပါတယ်။ သူဟာ အဲဒီချေးထားတဲ့ငွေတွေကို ပြန်ဆပ်ဖို့ ရည်မှန်းချက် မရှိဘူးလို့လည်း အာဏာပိုင်တွေက ဆိုပါတယ်။ မယ်လီယာဟာ ၂၀၁၆ မတ်လက အိန္ဒိယကနေ ဗြိတိန်ဆီ ပြောင်းရွှေ့ခဲ့တာပါ။ သူ့ကို အိန္ဒိယ အစိုးရလက်ထဲ ပြန်လွှဲသင့်တယ်လို့ ဗြိတိန်မြို့တော် လန်ဒန် တရားရုံးက ဒီဇင်ဘာ ၃၁ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။ မယ်လီယာကတော့ ဘာအမှားမှ လုပ်မထားဘူးလို့ ငြင်းရင်း နိုင်ငံရေးအရ အကွက်ရွှေ့ခံရတာလို့ ပြောထားပါတယ်။
3 years Ago

September 21, 2018

ဂျပန်ဖက်ရှင် စီးပွားရေးလုပ်ငန်းရှင်ကို လကမ္ဘာပတ်မည့် ပထမဆုံးခရီးသည်အဖြစ် ကြေညာ

ဂျပန်ဖက်ရှင် စီးပွားရေးလုပ်ငန်းငန်းရှင် ယုဆာ့ခုမာအိဇာဝါဟာ လကမ္ဘာကိုပတ်မယ့် သီးသန့်ခရီးစဉ်အတွက် ပထမဆုံးခရီးသည်လို့ အာကာသ ပို့ဆောင်ရေးကုမ္ပဏီ SapceX က စက်တင်ဘာလ ၁၈ ရက်မှာ ကြေညာပါတယ်။ သန်းကြွယ်သူဋ္ဌေး မာအိဇာဝါဟာ လကမ္ဘာကို Big Falcon Rocket အာကာသယာဉ်နဲ့  ၂ဝ၂၃ မှာ လည့်ပတ်မှာဖြစ်ပါတယ်။ ဒီပထမဆုံးခရီးစဉ်ဟာ စီးပွားဖြစ် အာကာသခရီးသွား လုပ်ငန်းယှဉ်ပြိုင်မှုအတွက် ရေချိန်မြင့်လာစေနိုင်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ မာအိဇာဝါကတော့ လကမ္ဘာကို ခရီးသွားခြင်းဟာ သူ့ဘဝတလျှောက် မက်ခဲ့တဲ့ အိပ်မက်လို့ ပြောထားပါတယ်။ မာအိဇာဝါဟာ တေးဂီတဝိုင်းတခုမှာ ဒရမ်တီးခဲ့သူ တယောက်ဖြစ်ပြီး အဲဒီနောက် အွန်လိုင်း လက်လီ ဖက်ရှင်တံဆိပ် ဇိုဇိုနဲ့ သန်းကြွယ်သူဌေး ဖြစ်လာသူပါ။
3 years Ago
More News
Up