စီရော်နယ်ဒို

January 22, 2022

ယူနိုက်တက်ထက် ပိုအရေးပါသည့်ကစားသမားမရှိဟု နည်းပြရင်းနစ်ခ်ပြော

မန်ယူနိုက်တက်အသင်းထက်ပိုပြီး အရေးပါတဲ့ ကစားသမားမရှိဘူးလို့ နည်းပြရက်ဖ်ရင်းနစ်ခ်က ပြောလိုက်ပါတယ်။ 

ဘရန့်ဖို့ဒ်အသင်းကို အနိုင်ရတဲ့ပွဲစဉ်မှာ နာမည်ကြီးတိုက်စစ်မှူး စီရော်နယ်ဒိုကို လူစားလဲခဲ့ပြီးနောက် ရော်နယ်ဒိုနဲ့ စကားအချေအတင်ဖြစ်ခဲ့ပါတယ်။ 

ရော်နယ်ဒိုကို လူစားလဲခဲ့ရတာက အသင်းရဲ့ အကျိုးအတွက်ဖြစ်ပြီး ယူနိုက်တက်ထက်ပိုအရေးကြီးတဲ့ ကစားသမားမရှိကြောင်း နည်းပြ ရင်းနစ်ခ်ကပြောခဲ့တာပါ။ 

“ခရစ္စတီယာနိုကို လူစားလဲခဲ့တာက အသင်းရဲ့ အကျိုးစီးပွားအတွက်။ ခရစ္စတီယာနိုမကလို့ အက်ဒီဆင်ကာဗာနီပဲ ဖြစ်ဖြစ်၊ ဘရူနိုဖာနန်ဒက်စ်ပဲ ဖြစ်နေနေ အသင်းထက် ဘယ်သူမှ အရေးမကြီးပါဘူး။ ဘရူနိုဟာလည်း ပြီးခဲ့တဲ့ပွဲတချို့မှာ လူစားလဲခံခဲ့ရပြီးနောက် သူ ပျော်ရွှင်ခဲ့တာ မဟုတ်ပါဘူး။ ဒါတွေအားလုံးက အသင်းရဲ့ကောင်းကျိုးအတွက်ဖြစ်တယ်။” 

ရော်နယ်ဒိုအနေနဲ့ လူစားလဲခံရလို့ စိတ်ပျက်သွားတာကလည်း ပြဿနာမရှိကြောင်း၊ သူ့လို ထိပ်တန်းကစားသမားတွေဟာ ကွင်းထဲမှာအမြဲရှိနေချင်ပြီး ပုံမှန်အခြေအနေသာ ဖြစ်ကြောင်း ရင်းနစ်ခ်က ပြောသွားပါတယ်။ 

မန်ယူအသင်းဟာ ဒီကနေ့ည ၉ နာရီခွဲအချိန်မှာ ဝက်စ်ဟမ်းနဲ့ အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

7 days Ago

January 11, 2022

စီရော်နယ်ဒို ဒဏ်ရာအခြေအနေ စိုးရိမ်စရာမလိုကြောင်း နည်းပြ ရင်းနစ်ခ်ပြော

တိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ ဒဏ်ရာအခြေအနေက စိုးရိမ်စရာမလိုကြောင်း မန်ယူနည်းပြ ရင်းနစ်ခ်က အတည်ပြုသွားပါတယ်။ 

ရော်နယ်ဒိုဟာ အက်စ်တွန်ဗီလာနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်ကို  တင်ပါးကြွက်သားဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။ 

ရော်နယ်ဒိုရဲ့ဒဏ်ရာဟာ အသေးစားဒဏ်ရာဖြစ်ပြီး အက်ဖ်အေဖလားပွဲစဉ်မှာ စွန့်စားပြီး အသုံးမပြုလိုတာကြောင့် အနားပေးခဲ့တာလို့ နည်းပြ ရင်းနစ်ခ်ကပြောပါတယ်။ 

“သူနဲ့ မနေ့က လေ့ကျင့်ရေးအစီအစဉ်မတိုင်ခင် စကားပြောခဲ့ပါတယ်။  ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ဒဏ်ရာအခြေအနေက ပြဿနာတချို့ရှိခဲ့တယ်လို့သူက ပြောခဲ့တယ်။ အပေါ့စားဒဏ်ရာပါ။ နောက်ဆုံးမှာတော့ ဒဏ်ရာအရှင်းမပျောက်သေးဘဲ စွန့်စားပြီး အသုံးမပြုချင်လို့ သူ့ကို အနားပေးဖို့ ကျနော်တို့ဆုံးဖြတ်ခဲ့တာပါ။” 

ဒါဟာ အသင်းဟောင်းဆီ ပြန်လာပြီးနောက်ပိုင်း စီရော်နယ်ဒိုအတွက် ဒဏ်ရာပြဿနာကြောင့် ပွဲစဉ်တစ်ပွဲကို ပထမဆုံးအကြိမ် လွဲချော်ခဲ့တာဖြစ်ပါတယ်။ 

3 weeks Ago
More News
Up