စီပွားရေး

July 12, 2020

ကိုဗစ်-၁၉ ကာလ အစိုးရ၏စီးပွားရေးကိုင်တွယ်ပုံကို မကျေနပ်၍ အစ္စရေးပြည်သူထောင်ချီ ဆန္ဒပြ

အစ္စရေးလ်နိုင်ငံ တဲလ်အဗစ်မြို့မှာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စီးပွားရေး ထိခိုက်မှုအပေါ် အစိုးရရဲ့ကိုင်တွယ်တုံ့ပြန်မှုကို မကျေနပ်လို့  ပြည်သူထောင်ပေါင်းများစွာ ဆန္ဒပြ နေပါတယ်။  တဲလ်အဗီမြို့ရဲ့ ရာဘင်ရင်ပြင်နဲ့အနီးတဝိုက် လမ်းတွေမှာ ပါးစပ်နှာခေါင်းစည်းတွေ ဝတ်ထားတဲ့ ဆန္ဒပြသူတွေ ပြည့်နေပါတယ်။  လူစုလူဝေးနဲ့ နေတာတွေကို ရဲတပ်ဖွဲ့က ကန့်သတ်ထားပေမဲ့  ဆန္ဒပြသူတွေ ထောင်ချီရှိခဲ့ တယ်လို့  သတင်းက ဖော်ပြပါတယ်။  အစ္စရေးမှာ မတ်လကစလို့ အသွားအလာကန့်သတ်ချက် လော့ဒေါင်းကို တစိတ်တပိုင်းချခဲ့ တာကြောင့် အလုပ်လက်မဲ့ဦးရေ ၂၁ ရာခိုင်နှုန်း တက်လာခဲ့ပါတယ်။  ဒီအပတ်ထဲမှာ  စီးပွားရေးကို ပြန်ဖွင့်တယ်ဆိုပေမဲ့ ကိုဗစ်-၁၉ လူနာတွေ ပိုတွေ့လာခဲ့တာပါ။ ဝန်ကြီးချုပ် နေတန်ယာဟုကလည်း ကန့်သတ်ချက်တွေကို ပြန်သတ်မှတ်ပြီး ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ ကြိုးစားနေရတယ်လို့ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
11 months Ago
Up