စိန့်ပီတာစဘတ်

January 28, 2019

လီနင်ဂရက်မြို့ကို နာဇီတပ်များ ဝိုင်းထားခဲ့မှု ၇၅ နှစ်ပြည့် နှစ်ပတ်လည်နေ့ ကျင်းပ

နာဇီတပ်တွေက လီနင်ဂရက်မြို့ကို ဝိုင်းထားခဲ့မှု ၇၅ နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ ဇန်နဝါရီ ၂၇ ရက်က ကျင်းပပါတယ်။ ဒီဖြစ်ရပ်ဟာ စစ်သမိုင်းအတွင်း ရက်အကြာဆုံးနဲ့ လူအသေအပျောက် အများဆုံး စစ်တပ်အဝိုင်းခံရမှုလည်း ဖြစ်ပါတယ်။ ဆိုဗီယက်ခေတ်နဲ့ ခေတ်ပေါ်စစ်ကားတွေ အစီးတရာကျော်နဲ့ စစ်သည်အင်အား ၂၅၀၀ လောက် အမျိုးသားကျောင်းရှေ့ ရင်ပြင်မှာ ချီတက်ခဲ့ကြတာပါ။ ၈၇၂ ရက်ကြာတဲ့ လီနင်ဂရက် မြို့သိမ်းတိုက်ပွဲအတွင်း ထောင်သောင်းချီတဲ့ လူတွေဟာ ဗုံးကြဲမှုနဲ့ အစာရေစာ ငတ်မွတ်မှုတွေကြောင့် သေဆုံးခဲ့ပါတယ်။ ၁၉၄၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှာ မြို့ကိုဝိုင်းထားတာ ပြန်ပွင့်ခဲ့ပြီး စစ်ပွဲအတွင်း ဆိုဗီယက်တပ်တွေ အကြီးအကျယ် အနိုင်ရခဲ့ပါတယ်။ မော်စကို၊ စတာလင်ဂရက်ဒ်နဲ့ ကာ့စ်ခ်မြို့တွေနဲ့အတူ လီနင်ဂရက်မြို့ကို ဆိုဗီယက်တပ်တွေက ပြန်ရခဲ့ပါတယ်။ နောက်ပိုင်းမှာ လီနင်ဂရက်မြို့ကို ရှေးဟောင်းနာမည် စိန့်ပီတာစဘတ်အဖြစ် နာမည် ပြန်ပြောင်းခဲ့ပါတယ်။
2 years Ago

June 23, 2018

စိန့်ပီတာစဘတ်မြို့တွင် ရုရှားအသင်းနည်းပြ၏ ပုံတူရေးဆွဲ ဂုဏ်ပြု

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင် ရုရှားအသင်းကို အောင်ပွဲတွေ ဆောင်ကြဉ်းနိုင်အောင် ညွှန်ကြားခဲ့တဲ့ အသင်းနည်းပြ ချက်ဖ်ချယ်ဆပ်ကို စိန့်ပီတာစဘတ်မြို့မှာ ဂရက်ဖတီပုံတူရေးဆွဲ  ဂုဏ်ပြုခဲ့ပါတယ်။ ဇွန်လ ၂၁ ရက်နေ့က စိန့်ပီတာစဘတ်မြို့ရှိ ပန်းခြံတခုမှာ ရုရှားဘောလုံး အသင်းနည်းပြ စတန်နီဆလပ်ချက်ဖ်ချယ်ဆပ်ရဲ့ ဂရက်ဖတီ ပုံတူကို ရေးဆွဲနေတာ မြင်တွေ့ရပါတယ်။ ရုရှားက အီဂျစ်ကို ၃ - ၁ ဂိုးနဲ့ အနိုင်ယူခဲ့တဲ့ ညမှာပဲ နည်းပြ  ချက်ဖ်ချယ်ဆပ်ရဲ့ ဂရက်ဖတီ ပုံတူကို မြို့လမ်းဆုံလမ်းခွက နံရံပေါ်မှာ ရေးဆွဲခဲ့တာဖြစ်ပါတယ်။ “ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၃၂ နှစ်တာ ကာလအတွင်း ရုရှားကို ပထမဆုံးအကြိမ် အခုလို အောင်မြင်မှုတွေရအောင် နည်းပြ  ချက်ဖ်-ချယ်ဆပ် ဆောင်ကြဉ်းပေးခဲ့တာပါ။ ဒီလို ပျော်ရွင်ရတဲ့ အချိန်မှာ သူ့ပုံတူ ဂရက်ဖတီရေးဆွဲဖို့ ကျနော်တို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျနော်တို့ မနက် ၂ နာရီမှာ စပြီး  ချက်ဖ်-ချယ်ဆပ် ရဲ့ ဂရက်ဖတီပုံ စပြီးဆွဲပါတယ်။ ကျနော်တို့ တနေ့တည်းနဲ့ အပြီး ဆွဲခဲ့တာပါ” လို့ ဂရက်ဖတီ ပညာရှင် အာတီရွန်ဘာ့ဇ်က ပြောခဲ့ပါတယ်။ ချက်ဖ်ချယ်ဆပ်ဟာ ရုရှားဘောလုံးသမား ဂိုးသမားဟောင်း တဦးဖြစ်ပြီး အခုအခါ အသက် ၅၄ နှစ် အရွယ် ရှိပါပြီ။ ချက်ဖ်ချယ်ဆပ်ဟာ ရုရှားအသင်းအတွက် ၃၉ ကြိမ် ပါဝင် ကစားပေးခဲ့ဖူးပါတယ်။ “ဒီနေ့အဖို့ ချက်ဖ်ချယ်ဆပ်  ဂရက်ဖတီ ပုံတူ ဆွဲတာက အသင့်တော်ဆုံးပါပဲ။ နောက်တပတ်ဆို ဘယ်သူ့ပုံဖြစ်မလဲ မပြောတတ်ဘူးလေ။ သူ့ပုံကို လူတွေ ခွါချင် ခွါလိမ့်မယ်။ ကျနော်ကတော့ ရုရှား ဘောလုံးအသင်းကို အပြည့်အ၀ယုံကြည်တယ်။ တကယ်တော့ ကျနော်က ရုရှားဘောလုံးသမားတွေရဲ့ ဂရက်ဖတီပုံတွေကို လိုက်စုနေတာ။ သူတို့ပုံတွေပေါ်မှာ ထပ်မဆွဲခင် ဒါမှမဟုတ် သူတို့ပုံတွေ အရုပ်ဆိုးအကျဉ်းတန်  မဖြစ်ခင် တွေ့အောင်လိုက်ရှာနေတာပါ။ ဒီဂရက်ဖတီ ဆရာလေးတွေ တော်ပါတယ်ဗျာ။” လို့လည်း စိန့်ပီတာစဘတ်မြို့ခံ အာတီရွန်ကပြောခဲ့ပါတယ်။ ချက်ဖ်ချယ်ဆပ်ရဲ့  ညွှန်ကြားမှု နဲ့ ရုရှားအသင်းဟာ အခု ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ  ဆော်ဒီကို ၅-၀၊ အီဂျစ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အမှတ်ပြည့် ရရှိခဲ့ပါတယ်။
3 years Ago
More News
Up