စိတ်ကြွရူးသွပ်ဆေးပြား

October 30, 2021

ပုသိမ်-ငွေဆောင်ကားလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ခန့် ဖမ်းမိ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ပုသိမ်-ငွေဆောင်ကားလမ်းမှာ အောက်တိုဘာလ ၂၉ ရက် နေ့လယ်က  စိတ်ကြွရူးသွပ်ဆေးပြား အပြား ၂၀၀၀ နီးပါးဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ 

ပုသိမ်-ငွေဆောင်ကားလမ်း သံပတ်ဂွလမ်းဆုံနားမှာ ပုသိမ်ဘက်နေ ငွေဆောင်ဘက်ကို မောင်းနှင်လာတဲ့ ဆိုင်ကယ် ၂ စီးကို တားဆီးစစ်ဆေးရာက စိတ်ကြွရူးသွပ်ဆေးပြား ၁၉၁၁ ပြားနဲ့ အတူ အမျိုးသား ၄ ဦးကို ဖမ်းမိ ခဲ့တာလို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။ 

ဖမ်းဆီးရမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၁၁ ပြားရဲ့ တန်ဖိုးဟာ ကာလတန်ဖိုး ၅၇ သိန်းကျော်ရှိပြီး လက်ရှိ အချိန်မှာ တခြားကွင်းဆက်တရားခံတွေ ဖမ်းမိဖို့အတွက် စစ်ဆေးမေးမြန်း နေတယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့မှာ အောက်တိုဘာလ ၁၂ ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား  တသောင်းနီးပါး ဖမ်းမိခဲ့ပါတယ်။

4 weeks Ago

September 23, 2021

ကျောက်ဆည်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀၀ ပြား ဖမ်းမိ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ တောင်ကြီး-ရွာငံ-ဟံမြင့်မိုရ်သွားလမ်းမှာ စက်တင်ဘာ ၂၂ ရက် ည ၇ နာရီခွဲက စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀၀ ပြား ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံက သိရပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က စစ်ဆေးရေးဆောင်ရွက်နေစဉ် ရွာငံဘက်မှ ဟံမြင့်မိုရ်ဘက်သို့ စိုးဝင်း(ခ)စိုးတင့်(ခ)အဗ္ဗဒူလာ မောင်းနှင်လာတဲ့ Probox အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့တာပါ။ 

အဲဒီယာဉ်ပေါ်မှာ သိုဝှက်သယ်ဆောင်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀၀ ပြား (ဒေသ ကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၆၀၀ သိန်း) နဲ့ လက်ကိုင်ဖုန်း ၁ လုံးတို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စိုးဝင်း(ခ)စိုးတင့်(ခ)အဗ္ဗဒူလာ(၅၆)နှစ်အား မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။

2 months Ago
More News
Up