စိတ်ကြွဆေ

December 11, 2020

ယူကေမှတင်သွင်းသည့် မြေတူးစက်အတွင်း ဒေါ်လာ သန်း ၆၀ တန်ဖိုးရှိ စိတ်ကြွဆေးများ တွေ့ရှိ

ယူကေက တင်သွင်းလာတဲ့ မြေတူးစက်တစ်ခုအတွင်း လျှို့ဝှက်သယ်လာတဲ့  စိတ်ကြွဆေး တန်ဝက်နီးပါး တွေ့ရှိပြီး လူ ၅ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ သြစတြေးလျအာဏာပိုင်တွေက ဒီဇင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။  ယူကေရဲ့ ဆောက်သမ်တန်ဆိပ်ကမ်းကနေ သြစတြေးလျ ဘရစ္စဘိန်းဆိပ်ကမ်းဆီ တင်သွင်းလာတဲ့ သင်္ဘောပို့ကုန်တွေကို သြစတြေးလျနယ်စပ်တပ်ဖွဲ့က ထောက်လှမ်းသိရှိပြီးနောက် မတ်လမှာ စုံစမ်းရေးစတင်ခဲ့တာပါ။  ဒီစုံစမ်းရေးကနေ အလေးချိန် ၉၉၂ ပေါင်ရှိပြိး စိတ်ကြွဆေးလို့ လူသိများတဲ့ MDMA  ပလက်စတစ်အိတ်ပေါင်း  ၂၂၆  အိတ်ကို ရှာဖွေတွေ့ရှိခဲ့တာပါ။  တွေ့ရှိခဲ့တဲ့ စိတ်ကြွဈေးတွေရဲ့  ကာလပေါက်ဈေးဟာ ဒေါ်လာ သန်း ၆၀ ခန့် ရှိတယ်လို့ သြစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့ (AFP)က ခန့်မှန်းပါတယ်။  စုံစမ်းရေးနဲ့ပတ်သက်ပြီး ဆစ်ဒနီနဲ့ လန်ဒန်မှာ လူ ၅ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။ 
6 months Ago

October 31, 2020

ရှမ်းမြောက် မြို့နယ် ၂ ခုတွင် သိန်း ၁၀၀၀ ချီရှိ စိတ်ကြွဆေးနှင့်ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းမိ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နဲ့နောင်ချိုမြို့နယ်တွေမှာ ကျပ်သိန်း ၁၀၀၀ ချီရှိ စိတ်ကြွ ဆေးနဲ့ ထိန်းချုပ်ဓာတုပစ္စည်းတွေ ဖမ်းမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲထံက သိရပါတယ်။ အောက်တိုဘာ ၃၀ ရက်မှာ နောင်ချိုမြို့နယ်အတွင်း  စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ ပြား (တန်ဖိုးငွေကျပ်သိန်း၁၀၀၀) ဖမ်းဆီးရမိခဲ့သလို မူဆယ်မြို့နယ်မှာလည်း ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်ထဲကလည်း ငွေကျပ် ၁၀၀၆ ဒသမ ၄ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတု ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တာပါ။ အောက်တိုဘာ ၃၀ ရက်မနက်ပိုင်းက မူးယစ်ရဲတပ်ဖွဲ့ဝင်များပါတဲ့ ပူးပေါင်းအဖွဲဟာ နောင်ချိုမြို့နယ် အိုရီယမ်တယ်တိုးဂိတ်အနီး မူဆယ်-မန္တလေးသွားကားလမ်းပေါ်မှာ သီပေါမှ မန္တလေးကို မောင်းနှင်လာတဲ့ MITSUBISHI OUT-LANDER အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရာ ယာဉ်အတွင်းရှိ ဆာလာအိတ်များထဲ ပလတ်စတစ်ကပ်ခွာ အိတ်တွေနဲ့ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ ပြား၊ မြန်မာငွေကျပ် ၅ သိန်းနဲ့ လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။  အလားတူ အဲဒီနေ့ မနက် ၁၁ နာရီက ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ သွင်းကုန်ဝင်းအတွင်း HYUNDAI အမျိုးအစားမော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှာ ဆာလာအိတ်တွေနဲ့ထည့်ထားတဲ့ Sodium Cyanide ၁၀၂၅၀ ကီလို (တန်ဖိုးကျပ် ၆၁၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ ဒီအမှုမှာ ယာဉ်ပေါ်ပါသူတွေဖြစ်တဲ့ မန္တလေးတိုင်း   ပြည်ကြီးတံခွန်မြို့နယ်၊ (စျ)ရပ်ကွက်နေ ယာဉ်မောင်း သက်နိုင်မိုး(ခ)ဖိုးခွား (၂၃ နှစ်)နဲ့ ယာဉ်နောက်လိုက် မျိုးထွန်းဦး (၂၇ နှစ်) တို့ကို စစ်ဆေးရာ မူဆယ်မြို့ စွမ်စော်ရပ်ကွက်၊ မြေနီကွင်းကားဝင်းအတွင်းရှိ ဂိုထောင်မှာ ထိန်းချုပ်ဓာတု ပစ္စည်းများကျန်ရှိနေသေးကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီနေရာကို  ပူးပါင်းအဖွဲ့က ဝင်ရောက်ရှာဖွေရာ ဆာလာအိတ်တွေအတွင်း Sodium Cyanide ၆၃၅၀ ကီလို (တန်ဖိုးကျပ် ၃၈၁ သိန်း)နဲ့ Potassium Phosphate ၁၆၀ ကီလို (တန်ဖိုးကျပ် ၁၀ ဒသမ ၄ သိန်း) တို့ကို  ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ဒါနဲ့ပတ်သက်လို့ မူဆယ်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူကာ ကွင်းဆက်များဖော်ထုတ် စစ်ဆေးနေပါတယ်။ နောင်ချိုမြို့မရဲစခန်းကလည်း စိတ်ကြွဆေးပြားတွေနဲ့ ဖမ်းမိတဲ့ မိုင်းရယ်မြို့ ဖာဟင်ကျေးရွာနေ စိုင်းဘထွန်း(ခ)စိုင်းဘ (၂၇ နှစ်) နဲ့ ကုန်းညုကျေးရွာနေ စိုင်းလိန် (၂၁ နှစ်) တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့်ကာ ကွင်းဆက်တွေ ဖော်ထုတ် စစ်ဆေးနေတယ်လို့ သိရပါတယ်။
8 months Ago

မင်္ဂလာဒုံတွင် တရားခံပြေး ၂ ဦးနှင့်အတူ ကျပ်သန်း ၅၀၀၀ ကျော်တန်ဖိုးရှိ  စိတ်ကြွဆေးများဖမ်းမိ

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာ ငွေကျပ်သန်းပေါင်း ၅၀၀၀ ကျော်တန်ဖိုးရှိတဲ့  စိတ်ကြွရူးသွပ်ဆေးပြားတွေကို ကွင်းဆက်တရားခံပြေး ၂ ယောက်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ အောက်တိုဘာ ၂၆ ရက်နေ့ မနက် ၅ နာရီလောက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ မင်္ဂလာဒုံမြို့နယ် အမှတ် ၃ လမ်းမကြီး မိုင်တိုင်အမှတ် ၅ နဲ့ ၆ ကြားမှာ NISSAN DIESEL အမျိုးအစား မော်တော်ယာဉ်ကို ရှာဖွေစစ်ဆေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ယာဉ်ပေါ်မှာ စိုင်းသိန်းနိုင် (ခ) စိုင်းရွှေနဲ့ တင်ဆန်းဦးတို့ ၂ ယောက်ကို ငွေကျပ်သန်းပေါင်း ၅၃၄၀ ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၈၉ သိန်းနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူပြီး ကွင်းဆက်တရားခံတွေကို ဖော်ထုတ်နေပြီး စိစစ်ချက်အရ စိုင်းသိန်းနိုင် (ခ)စိုင်းရွှေဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့က အင်းစိန်မြို့နယ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်းကျော် ဖမ်းမိတာနဲ့ ၂၀၁၉ ခုနှစ်၊ မတ် ၃ ရက်နေ့က မောင်တောမြို့နယ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၈၇ သိန်းကျော် ဖမ်းမိတာရဲ့ ကွင်းဆက်တရားခံပြေးတယောက် ဖြစ်တယ်လို့ ဆိုပါတယ်။ တင်ဆန်းဦးဟာလည်း ၂၀၁၉ ခုနှစ် မတ် ၂၄ ရက်နေ့က ကော့သောင်းမြို့နယ် အနောက်ဘက် ပင်လယ်ပြင်မှာ အိုက်စ် ၁၇၃၇ ကီလို ဖမ်းဆီးရမိမှုရဲ့ ကွင်းဆက်တရားခံပြေး ဖြစ်တယ်လို့ ဆိုပါတယ်။
8 months Ago
More News
Up