စိတ်ကြွဆေးများ ဖမ်းမိ

June 15, 2018

ထိုင်းတွင် မြန်မာအမျိးသမီးတဦးထံမှ အိုက်စ်နှင့် စိတ်ကြွဆေးများ ဖမ်းမိ

ထိုင်းတောင်ပိုင်း ဖူးခက်ခရိုင် ဖူးခက်မြို့မှာ အိုက်စ်မူးယစ်ဆေးနဲ့ စိတ်ကြွဆေး ဖြန့်ဖြူးရောင်းချနေသူ မြန်မာအမျိုးသမီးတဦးကို ဖမ်းမိကြောင်း ဖူးခက်မြို့မရဲစခန်းက ပြောပါတယ်။ အသက် ၄၆ နှစ်အရွယ်ရှိ သက်မာဝင်းဆိုသူ မြန်မာအမျိုးသမီးတဦးဟာ လူငယ်တွေကြား မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေကြောင်း ကြိုတင်စုံစမ်း သိရှိရတဲ့အတွက် ရဲတွေက ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က ဝယ်သူအသွင် ထောင်ချောက်ဆင်ပြီး သူမနေထိုင်ရာ ဖူးခက်မြို့ ရတ်ဆဒါးရပ်ကွက် လှေဆိပ်လမ်းရှိ အိမ်နံပါတ်မရှိတဲ့ အိမ်တလုံးမှာ သွားရောက်ဖမ်းဆီးခဲ့တာလို့ ဖူးခက်မြို့မရဲစခန်း စခန်းမှူး ဆုမ်ဖုန်းထစ်အားဖားကွန်းက သတင်းထောက်တွေကို ပြောပါတယ်။ အဲဒီနေ့က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေမှာ အလေးချိန် ၁ ဒသမ ၀၈ ဂရမ်ရှိ အိုက်စ်ဆေးမှုန့်နဲ့ စိတ်ကြွဆေးပြား ၁၈ ပြားတို့ဖြစ်ပြီး မူးယစ်ဆေးရောင်းရငွေ ဘတ်တထောင်ပါ သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ အဖမ်းခံရသူ သက်မာဝင်းက သူဟာ အဲဒီမူးယစ်ဆေးတွေကို မရီနဲ့ ရန်ကောင်း (အမည်လွှဲ) တို့ထံမှတဆင့် ဝယ်ယူခဲ့ကြောင်း၊ အိုက်စ်ဆေး ၁ ဒသမ ၅ ဂရမ်နဲ့ စိတ်ကြွဆေး အလုံးရေ ၃၀ တို့ကို ဘတ်သုံးထောင်ဖိုး ဝယ်ယူပြီး ဆေးတွေရောင်းကုန်မှ ငွေချေရမယ်လို့ ဝန်ခံသွားပါတယ်။ တာဝန်ရှိသူတွေက သူမကို မူးယစ်ဆေးဝါးရောင်းချဖို့ လက်ဝယ်ထားရှိမှုနဲ့ အရေးယူသွားမှာဖြစ်ပြီး နောက်ထပ်ကွင်းဆက်တွေ ဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။
3 years Ago

March 24, 2018

ရသေ့တောင်တွင် ကျပ်သိန်းပေါင်း ၁၆၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ငွေကျပ်သိန်းပေါင်း ၁၆၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ရသေ့တောင်မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့  ပူးပေါင်းအဖွဲ့ဟာ မတ် ၂၂ ရက်နေ့ ညနေပိုင်းက ရသေ့တောင်မြို့နယ်၊ အငူမော်ကျေးရွာအဝင်လမ်းနဲ့ ကူးတို့ဆိပ်လမ်းဆုံမှာ အောင်သူနိုင် မောင်းနှင်ပြီး ထက်ငြိမ်းကို လိုက်ပါလာတဲ့ မော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်ပေါ်မှ ငွေကျပ် ၁၆,၃၀၂ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈၁၅,၁၀၀ ပြားတွေ ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။ အောင်သူနိုင် (၂၅) နှစ်နှင့် ထက်ငြိမ်းကို (၁၈) နှစ် တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိပါတယ်။
4 years Ago
More News
Up