စိတ်ရောဂါကုဆေးခန်း မီးလောင်

December 14, 2015

ရုရှတွင် စိတ်ရောဂါကုဆေးခန်း မီးလောင်၊ လူ ၂၃ ဦး သေဆုံး

ရုရှနိုင်ငံမြို့တော် မော်စကိုတောင်ပိုင်းက ဗိုရိုနဲ့ဇ်ရွာက စိတ်ရောဂါကုဆေးခန်းမှာ မီးလောင်ခဲ့လို့ အနည်းဆုံး လူ ၂၃ ယောက် သေဆုံးခဲ့တဲ့အတွက် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ရုရှစုံစမ်းစစ်ဆေးရေး ကော်မတီက ဒီဇင်ဘာ ၁၃ ရက်နေ့က ပြောပါတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့ မီးလောင်မှုကို လျစ်လျူရှုမှု ဖြစ်နိုင်ချေအတွက် စစ်ဆေးနေတာပါ။ မီးတောက်ကို ငြိမ်းဖို့ လူအယောက် ၂၇၀ နဲ့ ကားအစီး ၅၀ ကျော် သုံးခဲ့ရတယ်လို့ ရုရှ အရေးပေါ် ဝန်ကြီးဌာနက ပြောပါတယ်။ ဒေသစံတော်ချိန် မနက် ၃ နာရီမှာ စ လောင်ကျွမ်း တဲ့ မီးကြောင့် အဆောက်အဦက လုံးဝ ပျက်စီးခဲ့တာပါ။ မီးလောင်ချိန် အဆောက်အဦထဲမှာ မသန်စွမ်း ဒါမှမဟုတ် အိပ်ရာထဲ လဲနေတဲ့ လူနာ အယောက် ၇၀ နဲ့ ဝန်ထမ်း ၄ ယောက် ရှိနေတာပါ။ မီးဘယ်လို စလောင်ပြီး ဒီလောက် ကြီးသွားရတယ်ဆိုတာ မသိရဘဲ ဒီအမှုကို ရာဇဝတ်မှုအဖြစ် စဉ်းစားတယ်လို့ ရုရှ စုံစမ်းစစ်ဆေးရေး ကော်မတီက ကြေညာချက် ထုတ်ပြန်ပါတယ်။ မီးဘေးကင်းရေး စံချိန်စံညွှန်းတွေ လျော့ရဲမှု နဲ့ ဝန်ထမ်းတွေရဲ့ ပေါ့ဆမှုတွေကို မကြာခဏ အပြစ်တင်လေ့ ရှိပါတယ်။ ၂၀၁၃ကလဲ မော်စကိုမြောက်ပိုင်းက စိတ်ရောဂါကု ဆေးရုံမှာ မီးလောင်လို့ လူ ၃၇ ယောက် သေဆုံးခဲ့ ဖူးပါတယ်။
6 years Ago
Up