စပွန်ဆာစာချုပ်

December 12, 2020

နိုင်ငံရေးကိစ္စကြောင့် Huawei စပွန်ဆာစာချုပ်ကို ဘာကာတိုက်စစ်မှူး ဂရစ်ဇ်မန်း ဖျက်သိမ်း

ဘာစီလိုနာတိုက်စစ်မှူး အန်တိုနီယို ဂရစ်ဇ်မန်းဟာ သူ့ရဲ့စပွန်ဆာကုမ္ပဏီတွေထဲက တခုဖြစ်တဲ့ Huawei ကုမ္ပဏီနဲ့စာချုပ်ကို ရပ်ဆိုင်းလိုက်ပြီလို့ ကြေညာပါတယ်။ တရုတ်နိုင်ငံတွင်းမှာရှိတဲ့ ယူအီဂါမူဆလင်တွေကို ဖိနှိပ်ဖို့အတွက် ကုမ္ပဏီဘက်က နည်းပညာတွေ ပြုလုပ်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပေါ်ထွက်လာခဲ့ပြီးနောက် အခုလို ရပ်ဆိုင်းလိုက်တာပါ။ Huawei ကုမ္ပဏီဟာ တရုတ်အစိုးရရဲ့ ယူအီဂါတွေပေါ်မှာ စောင့်ကြည့်မှုကို မြှင့်တင်ပေးဖို့ ရည်ရွယ်ထားတဲ့ ဆော့ဝဲလ်တစ်ခုကို ဖန်တီးပေးခဲ့တယ်လို့ မကြာသေးခင်‌က သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။  ဒီလိုထွက်ပေါ်လာခဲ့ပြီးမှာ ကုမ္ပဏီနဲ့ စပွန်ဆာစာချုပ်ကို ရပ်ဆိုင်းလိုက်တယ်လို့ ဂရစ်ဇ်မန်းက သူ့ရဲ့လူမှုကွန်ရက်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။  လူနည်းစုလူမျိုးစုတွေကို ဖိနှိပ်နေခြင်းကို ရှုတ်ချကြောင်း ဂရစ်ဇ်မန်းက ပြောခဲ့ပြီး Huawei ကုမ္ပဏီအနေနဲ့ သူတို့ရဲ့အရှိန်အဝါကို လူအခွင့်အရေးဆိုင်ရာကိစ္စတွေကို ဖြေရှင်းပေးဖို့အတွက် အသုံးချဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ “Huawei ကုမ္ပဏီဘက်က Uighur alert မျက်နှာကို မှတ်တမ်းတင်တဲ့ ဆော့ဝဲလ်ဖန်တီးနိုင်ဖို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း ခိုင်မာတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာခဲ့ပြီးနောက်မှာ ကျနော့်အနေနဲ့ ကုမ္ပဏီနဲ့ မိတ်ဖက်စာချုပ်ကို ဖျက်သိမ်းကြောင်း ကြေညာလိုပါတယ်” လို့ ပြင်သစ်တိုက်စစ်မှူးက သူ့ရဲ့အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။  ကုမ္ပဏီအနေနဲ့ ဒီကိစ္စကို ငြင်းချက်ထုတ်ရုံတင်မဟုတ်ဘဲ သူတို့ရဲ့အရှိန်အဝါကို လူသားနဲ့ အမျိုးသမီးအသိုင်းအဝိုင်းအပေါ် လေးစားမှုရှိရေးအတွက် အသုံးပြုသွားဖို့လည်း ကစားသမားက တောင်းဆိုသွားခဲ့ပါတယ်‌။ ဂရစ်ဇ်မန်းရဲ့ ကြညာချက်ထွက်ပေါ်လာခဲ့ပြီးနောက် Huawei ကုမ္ပဏီဘက်က ဒီကိစ္စကို တွေ့ဆုံဖြေရှင်းသွားဖို့ တုံ့ပြန်ခဲ့ပြီး ကုမ္ပဏီအနေနဲ့ ဘယ်လိုမျိုး ခွဲခြားဆက်ဆံမှုကိုမှ သည်းခံသွားမှာမဟုတ်ဘူလို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။ ကုမ္ပဏီနဲ့ ဆက်ဆံရေးကို ဖြတ်တောက်ပစ်ခဲ့တဲ့ မစ္စတာဂရစ်ဇ်မန်းရဲ့ ဆုံးဖြတ်ချက်အတွက် ကုမ္ပဏီအနေနဲ့ ဝမ်းနည်းမိတယ်လို့လည်း Huawei ဘက်က ထုတ်ပြန်တဲ့ကြေညာချက်တစ်စောင်မှာ ဖော်ပြထားပါတယ်။
5 months Ago

June 4, 2020

အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်နှင့်  Adidas စာချုပ်သက်တမ်း ထပ်မတိုး

အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်ကို Adidas ကုမ္ပဏီက စပွန်ဆာစာချုပ် သက်တမ်းတိုး တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။  ကွင်းလယ်လူ အိုဇေးလ်ဟာ ဂျာမန်အားကစားပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီ Adidas နဲ့ ပေါင် ၂၂ သန်းတန်စာချုပ်ကို ၂၀၁၃ ခုနှစ်တည်းက ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။  ၁ နှစ်ကို ပေါင် ၂ ဒသမ ၅ သန်း ရရှိခဲ့တဲ့ အိုဇေးလ်နဲ့ Adidas တို့ရဲ့ စာချုပ်သက်တမ်းက အခု လကုန် ကုန်ဆုံးမယ်လို့ သိရပါတယ်။  အိုဇေးလ်ဟာ ၂၀၁၈ ခုနှစ်က တူရကီသမ္မတ အာဒိုဂန်နဲ့ တွေ့ဆုံခဲ့တာကြောင့် ဂျာမနီဘောလုံးအဖွဲ့ချုပ်က ဝေဖန်ခဲ့ပြီး လက်ရွေးစင်သင်းကနေလည်း အနားယူခဲ့ပါတယ်။  Adidas က စပွန်ဆာစာချုပ် ရပ်နားလိုက်တာဟာ အဲဒီကိစ္စတွေနဲ့ သက်ဆိုင်နေတယ်လို့ သုံးသပ်မှုတွေရှိပေမယ့် အတည်ပြနိုင်ခြင်းတော့ မရှိသေးပါဘူး။  အိုဇေးဟာ အာဆင်နယ်မှာ တပတ်လုပ်ခပေါင် ၃ သိန်းခွဲရရှိနေပြီး အသင်းရဲ့ လုပ်ခအများဆုံး ကစားသမားဖြစ်ပါတယ်။ 
11 months Ago
Up