စပိန်ဝန်ကြီးချုပ်

April 19, 2020

လော့ခ်ဒေါင်း သက်တမ်းတိုးရန် လွှတ်တော်ကို တောင်းဆိုမည်ဟု စပိန်ဝန်ကြီးချုပ်ပြော

စပိန်နိုင်ငံအတွင်း အသွားအလာ ကန့်သတ်မှုပိတ်ဆို့မှု လော့ခ်ဒေါင်းကို တတိယအကြိမ်မြောက် သက်တမ်းတိုးဖို့ လွှတ်တော်ကို တောင်းဆိုသွားမယ်လို့ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က မနေ့ကဧပြီ ၁၈ မှာ ပြောလိုက်ပါတယ်။  စပိန်ဟာ ပိတ်ဆို့မှု သက်တမ်းတကြိမ်ကို ၁၅ ရက် သတ်မှတ်ထားပြီး၊ အခုက တတိယအကြိမ် သက်တမ်းတိုးဖို့ပါ။  ဝန်ကြီးချုပ် ဆန်းချက်ဇ်က ဧပြီ ၂၇ ရက်နေ့နောက်ပိုင်း ကလေးတွေကို အိမ်ပြင်ထွက်ခွင့် အကန့်အသတ်နဲ့ ပေးသွားမယ်လို့ ပြောပေမဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။  ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ဥရောပမှာ အထိခိုက်ဆုံးတနိုင်ငံဖြစ်တဲ့ စပိန်ဟာ ဧပြီ ၁၈ ရက်မှာ ကူးစက်ခံရနှုန်း ကျလာတယ်ဆိုပေမဲ့ သေဆုံးသူ နှစ်သောင်းကျော်နေပါပြီ။  စပိန်ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ စနေနေ့မှာ သေဆုံးသူ ၅၆၅ ဦးရှိပြီး ဒါဟာ သောကြာနေ့က သေဆုံးသူဦးရေ ၅၈၅ ဦးထက် လျော့နည်းလာတာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ စပိန်နိုင်ငံမှာ ဒီနေ့မွန်းလွဲပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ဦးရေကလည်း အခုဆို ၁၉၄,၄၁၆ ဦးနဲ့ သေဆုံးသူ ၂၀၆၃၉ ဦး ရှိနေပြီ ဖြစ်ပါတယ်။ 
1 year Ago

February 7, 2020

ကာတာလန်ခွဲထွက်ရေးခေါင်းဆောင်နှင့် စပိန်ဝန်ကြီးချုပ် တွေ့ဆုံ

ကာတာလန် နိုင်ငံရေးအကျပ်အတည်းဖြေရှင်းဖို့အတွက် ဖေဖော်ဝါရီ ၆ ရက်က စပိန်ဝန်ကြီးချုပ် ပီဒရို ဆန်းချက်ဟာ ကာတာလန်ခွဲထွက်ရေးခေါင်းဆောင် ကွမ်တော်ရာနဲ့  သွားရောက်တွေ့ဆုံခဲ့ပါတယ်။  ဒီတွေ့ဆုံပွဲဟာ ဆန်းချက် ဝန်ကြီးချုပ် ရာထူးလက်ခံပွဲ ချောမွေ့စေဖို့ (ERC) ပါတီအတွက် မရှိမဖြစ်လိုအပ်ပါတယ်။   တွေ့ဆုံပွဲပြီးနောက်မှာတော့ ဆန်းချက်ဟာ သတင်းစာရှင်းလင်းပွဲလုပ်မှာဖြစ်ပြီး ဒေသတွင်း အလုပ်သမားသမဂ္ဂတွေ၊ ကာတာလန် ကုမ္ပဏီအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံသွားဖို့လည်း ရှိပါတယ်။  ပြီးခဲ့တဲ့ အောက်တိုဘာမှာ စပိန်တရားရုံးချုပ်ဟာ ကာတာလန် ခွဲထွက်ရေးခေါင်းဆောင် ၉ ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ် ၉ နှစ်ကနေ ၁၃ နှစ်ကြား ချမှတ်ခဲ့ပါတယ်။  ၂၀၁၇ တုန်းက မအောင်မြင်တဲ့ တဖက်သတ် လွတ်လပ်ရေးကြေညာချက်မှာ ပါဝင်ခဲ့တဲ့အတွက် စပိန်တရားရုံးက သူတို့ကို ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။  ကာတာလိုးနီးယား ပြဿနာဟာ စပိန်နိုင်ငံရေးမှာ လွှမ်းမိုးတဲ့ အကြောင်းအရာ တခုဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ 
1 year Ago
Up