စပိန်လာလီဂါ

May 24, 2020

စပိန်လာလီဂါပွဲစဉ်များ ဇွန် ၈ ရက်နေ့ ပြန်လည်စတင်နိုင်ဟု ဝန်ကြီးချုပ် ကြေညာ

စပိန်လာလီဂါပြိုင်ပွဲကို ဇွန်လ ၈ ရက်နေ့ ပြန်လည် ကျင်းပနိုင်တယ်လို့ စပိန်ဝန်ကြီးချုပ် ပတ်ဒရိုဆန်းချက်ဇ်က အတည်ပြုလိုက်ပါတယ်။  ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် စပိန်လာလီဂါပြိုင်ပွဲကို ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်ကတည်းက ရပ်နားထားခဲ့တာပါ။  လာလီဂါတာဝန်ရှိသူတွေဘက်က မျှော်လင့်ထားတဲ့အတိုင်း ဇွန်လဆန်းမှာ ပြန်လည်ကျင်းပဖို့ အစိုးရရဲ့တရားဝင် ခွင့်ပြုချက် ရရှိခဲ့တာပါ။  စပိန်အစိုးရနဲ့ ကျန်းမားရေးဝန်ကြီးဟာ ပရော်ဖက်ရှင်နယ်ဘောလုံးလိဂ်ကို  ပြန်လည်ကျင်းပ နိုင်ဖို့ မီးစိမ်းပြလိုက်ပြီး ဇွန် ၈ ရက်နေ့ ပြန်လည်စတင်လိမ့်မယ်လို့ မေ ၂၃ ရက်နေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် ပတ်ဒရိုဆန်းချက်ဇ်က ပြောပါတယ်။  လာလီဂါပြိုင်ပွဲဟာ လက်ကျန် ပွဲစဉ် ၁၁ ပွဲ ကျန်ရှိသေးပြီး ဘာစီလိုနာအသင်းက ဒုတိယ နေရာက ရီးရဲလ်မက်ဒရစ်အသင်းကို ၂ မှတ်ဖြတ်ပြီး ဦးဆောင်နေပါတယ်။  မက်ဒရစ်နဲ့ ဘာစီလိုနာမြို့တွေမှာ လူစုလူဝေးမလုပ်ဖို့ တင်းကျပ်တဲ့စည်းမျဉ်းတွေ ချမှတ်ထား ပေမယ့် တနင်္လာနေ့ကစပြီး ဖြေလျှော့ပေးသွားဖို့ ရှိနေပါတယ်။ 
1 year Ago

May 8, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်ဆိုင်းထားရသည့် စပိန်လာလီဂါ ဘောလုံးပွဲစဉ်များ ဇွန် ၂၀ ပြန်စမည်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်ဆိုင်းထားခဲ့ရတဲ့ နာမည်ကြီး ဘောလုံးကလပ်အသင်း ပြိုင်ပွဲတွေထဲက တခုဖြစ်တဲ့ စပိန်လာလီဂါ ဘောလုံးပွဲစဉ်တွေကို လာမယ့် ဇွန်လ ၂၀ ရက်နေ ပြန်လည်စတင်ကျင်းပမယ်လို့ လီဂိန်းစ်နည်းပြ Javier Aguirre က ပြောပါတယ်။ “ကျနော်တို့ လိဂ်ကစားပွဲတွေကို လာမယ့် ဇွန် ၂၀ ရက်နေ့ ပြန်စတော့မှာဖြစ်ပြီး ဇူလိုင် ၂၆ ရက်နေ့မှာ တရားဝင်ပြီးဆုံးမှာ ဖြစ်ပါတယ်။ စနေ၊ တနင်္ဂနွေ၊ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ ပွဲစဉ်တွေ ရှိမှာဖြစ်ပြီး ၁၁ ပွဲ ကစားရမှာ ဖြစ်ပါတယ်” လို့ သူက မက္ကဆီကန်ဝက်ဘ်ဆိုက်ဒ်တခုဖြစ်တဲ့ Marca Claro ကို ပြောလိုက်တာပါ။ “လာလီဂါအနေနဲ့ ဒါကို တရားဝင်ထုတ်ပြန်လိုက်ဖို့ ကျနော့်ကို ပြောခဲ့တာ ဖြစ်ပါတယ်။ ခု ကျနော်တို့အနေနဲ့ လေ့ကျင့်မှုတွေ လုပ်ဆောင်သွားဖို့ အချိန်ဇယားတွေ ပြင်ဆင်နေကြပြီး ဝမ်းသာနေကြပါတယ်။” လာလီဂါ တာဝန်ရှိသူတွေဘက်ကတော့ လတ်တလောအချိန်ထိ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်တစုံတရာ မပေးသေးဘူးလို့  သတင်းက ဆိုပါတယ်။ စပိန်နိုင်ငံမှာ ကျင်းပနေတဲ့ အဓိက မေဂျာကလပ်ပွဲစဉ်တွေ အပါအဝင် ဘောလုံး ကလပ်ပွဲစဉ်တွေကိုတော့ ပြီးခဲ့တဲ့ မတ်လကတည်းက ရပ်ဆိုင်းထားခဲ့တာပါ။
1 year Ago
More News
Up